နှစ်ထပ်ဘတ်စ်ကားတွေက
နှစ်ထပ်ဖြစ်နေတဲ့ ကားလမ်းတွေပေါ်မှာ
နှစ်ထပ်ဖြစ်နေတဲ့ လူကူးတံတားများနဲ့
မိုးမျှော်တိုက်တွေသာ များတဲ့ ဒီမြို့က
(တချို့နေရာတွေမှာတော့..)
နှစ်ထပ်တိုက်လှလှလေးတွေကော
နှစ်ထပ်တိုက်အဟောင်းအမြင်းတွေပါ
တစွန်းတစ တန်ဆာဆင်လို့
အတော်များများ နှစ်ထပ်ဖြစ်နေတဲ့ ဒီမြို့တော်မှာ..
နှစ်ထပ်ဖြစ်နေတဲ့ မိသားစုတွေကော
တခြားမြို့တော်တွေမှာလိုပဲ
ဘယ်လောက်ရှိနေမလဲ။
အိုမင်းမစွမ်း မိဘအပေါ်
အလိမ္မာမှာ အကြင်နာနှစ်ထပ်ဆင့်မယ့်
သားသမီးတွေကော
ဘယ်နှစ်ရာလောက်များ ရှိနေမလဲ။
အလုပ်နှစ်ထပ်လုပ်
ကျားကုတ်ကျားခဲနဲ့
ဘဝထဲက လူငယ်တွေကော
ဘယ်နှစ်ယောက်လောက် ရှိမလဲ။
ဘာပဲပြောပြော
ဒီနှစ်ထပ်မြို့တော်မှာ..
ခဏတာလား
တဘဝစာလား
မသေချာပေမယ့်
အသားအရောင်ပေါင်းစုံ
ဆံပင်အရောင်ပေါင်းစုံ
အရွယ်ပေါင်းစုံနဲ့
လူမျိုးပေါင်းစုံကတော့
နှစ်ထပ်မကတဲ့ မိုးမျှော်တိုက်တွေလို..
နေရာအနှံ့...။
နေ့လည် ၁နာရီ ၄၂မိနစ်
နိုဝင်ဘာလ ၂၀ရက် ၂၀၀၈ခုနှစ်။
government shutdown
1 day ago
2 comments:
Two layers poem to two time read thwar tal byo!!!
အဟီး.. အမရေ.. ၂ ထပ်မြို့တော်တွေမှာနေပြီး အိမ်က တစ်ယောက်လို မေး ၂ ထပ်ဖြစ်လာတာ မကောင်းဘူးနော်.. :(
Post a Comment