Monday, November 24, 2008

တရားဂုဏ်တော် ၆ပါး

ခုလောလောဆယ်ဖတ်နေတဲ့ ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏ ရဲ့ ”ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော” စာအုပ်ထဲက တရားဂုဏ်တော် ၆ပါး ရဲ့ မူရင်း အဓိပ္ပါယ်ကော၊ ဆရာမောင်ဝဏ္ဏက တရားကို သူအတွေ့အကြုံတွေနဲ့ကော ခံစားပြီးရေးထားတာထဲက ၁ ကနေ ၆ အထိ ဆရာ့မူရင်း အတိုင်း အကျယ်ဆို စာရိုက်ရမှာ အချိန်တော်တော်ကြာမယ်(ရိုက်ရမှာ အပျင်းထူလို့ :D)။ နံပါတ်၁ ဂုဏ်တော်ကိုပဲ အကျယ်ပြီးအောင် စာရိုက်နိုင်တယ်။ ကျန်တဲ့ ၅ပါးကို အစပိုင်းအနက်ဖော်ပြတဲ့ စာသားတွေပဲ ရိုက်ထားပါတယ်။ မနေ့က ကြိုးစားပမ်းစား ရိုက်ထားတဲ့ စာပါ။ ဘလော့ခ်လာလည်တဲ့ စာဖတ်သူတွေ ဖတ်လို့ရအောင် တင်လိုက်ပါတယ်။ အပြည့်အစုံဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်မို့ စိတ်ဝင်စားသူတွေ ရှာဖတ်ကြည့်ကြပါလို့။ ဓမ္မစကြာကို ဆရာကြီး ဦးဖေမောင်တင် အင်္ဂလိပ်လို ဘာသာပြန်ထားတာပါ ပါပါတယ်။စာအုပ်တန်ဖိုးက ကျွန်မ ဝယ်စဉ်က၂၀၀၀ကျပ်ပါ။ ဒီလိုဘလော့ခ်ပေါ်တင်တာ မူရင်းစာရေးဆရာ ဆရာမောင်ဝဏ္ဏနဲ့ ထုတ်ဝေသူ ပုဂံစာအုပ်တိုက်ကို ခွင့်တောင်းဖို့တော့ လိုမလားမသိဘူး။ လိုတယ်ဆိုရင် စိတ်ပူလို့ တပိုင်းတစပဲ တရားဂုဏ်တော်အနက်အဓိပ္ပါယ်ကို တင်တာမို့ ခွင့်ပြုပါလို့ (ဘယ်လို ဆက်သွယ်ရမယ်မှန်းလဲ မသိတာမို့) ဒီပို့စ်ကနေပဲ တင်ရင်းနဲ့ ခွင့်ပန်ပါတယ်ရှင်။

(၁) သွာက္ခတ (သွာက္ခာတော ဘဂဝတော ဓမ္မော)

ကြားနာရုံပင်၊ အပူစင်၍၊ ကျင့်လျှင်ချမ်းသာ၊ ကျင့်ပြီးခါလည်း လွန်စွာငြိမ်းချမ်း၊ နိဗ္ဗာန်နန်းနှင့်၊ စခန်းသင့်အောင်၊ မှန်းလင့်ရည်ရော်၊ ကောင်းစွာဟောတော်မူပါပေ၏ ။
[အရှင်ဇနကာဘိဝံသ 'ရတနာ့ဂုဏ်ရည်' (တရားဂုဏ်တော်အဖွင့်)]

ဆရာတော်ကြီး ရေးသားချီးမြှင့်ထားတာဟာ ပြီးပြည့်စုံနေပါပြီ။ ကျွန်တော်က တစ်မိုက်တစ်ထွာဥာဏ် နဲ့ သဘောပေါက်သလောက် ပြောပြပါရစေဦး။

ဗုဒ္ဓမြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်တွေအနက်က ဘယ်တရားတော်ဖြစ်ဖြစ် အနည်းဆုံးရသမျှ ဘုရားရှိခိုးကို ဖြစ်ဖြစ် ရှိခိုးရွတ်ဆိုနေရုံလောက်နဲ့..။ဒါမှမဟုတ် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ..စသဖြင့် ကြားရုံလောက်နဲ့ ပူပန်သောကဟာ (ခဏဖြစ်ဖြစ်) ငြိမ်းပါတယ်။ သွာက္ခတဆိုတဲ့ ပါဠိက "ကောင်းမွန်စွာ ဟောတော်မူအပ်သော" ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါသတဲ့။ ဘယ်လိုကောင်းတာလဲ၊ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ကောင်းခြင်းတွေပါပဲ။

အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်နားလည်သလိုပဲ ပြောပါရစေ။ နက်နဲတဲ့ တရားသဘောတွေကို ကျွန်တော်ရှင်းမပြတတ်ပါဘူး။ ဒါကြောင့် အတွေ့အကြုံလေးရှိသမျှနဲ့ ဥပမာပြုပါရစေ။

အဂုင်္လိမာလသုတ်ဆိုတာ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်တဲ့ ဗုဒ္ဓဝါဒီမှန်သမျှ ကြားဖူးပြီးသားပါ။ ပါဠိလို ကျွန်တော်မရပါဘူး။ "အဟံ ဘဂိနီ" စသဖြင့် ဖြစ်ပါတယ်။ အဲဒီပရိတ်တော်ကို ကျွန်တော်နားလည်သလိုကတော့...

အဂုင်္လိမာလကိုယ်တော်ကြီးဟာ လူဆိုးကြီးဖြစ်ခဲ့ဖူးလို့ ဆွမ်းခံထွက်ရင်တောင် ခဲနဲ့ပေါက်၊ တုတ်နဲ့ရိုက် စသဖြင့် ခံရတော်မူရှာပါတယ်။ အရှင် အဂုင်္လိမာလကိုယ်တော်ကြီး က သည်းခံတော်မူပါတယ်။ အဲဒီ ပရိတ်တော်ဟာ သစ္စာဆိုတာပါပဲ။

သစ္စာ (မှန်ကန်တိကျသော စကားကို ဆိုခြင်း) ကို ကျွန်တော်အစတုန်းက သိပ်မယုံပါဘူး။ ဝေဝေဝါးဝါးပဲ ဖြစ်နေခဲ့တယ်။ အဂုင်္လိမာလသုတ်တော်ကို အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေတုန်းနဲ့ သားဖွားနေတုန်းမှာ ရွတ်ဆိုရတယ်လို့ပဲ သာမန် နားလည်ထားခဲ့ပါတယ်။

အဲဒီ အဂုင်္လိမာလသုတ်ရဲ့ အဓိပ္ပါယ်က....
”ချစ်နှမ၊ ငါသည် အကြင်အခါမှစ၍ အရိယသူတော်စင်ဖြစ်ခဲ့၏ ။ ထိုအခါမှ စ၍ သတ္တဝါတို့ကို အသက်မှ ချဖူးသည် ဟူ၍ ' ငါမသိ 'ဤစကားမှန်၏ ။ ဤ မှန်သော သစ္စာစကားကြောင့် သင် ချစ်နှမသည်လည်းကောင်း၊ သင်၏ ဝမ်းကြာတိုက်မှ သန္ဓေသားလောင်းသည် လည်းကောင်း ကျန်းမာချမ်းသာပါစေ” ။

ဒါပါပဲ ။ ဘယ်လောက်ရှင်းလင်းပါသလဲ။ ဆိုလိုချက်ကလည်း ပြည့်စုံတိကျ မှန်ကန်လှပါတယ်။ ( အကျယ်သဖြင့်ကတော့ ပညာအလင်းပြ စာအုပ်တိုက်က ထုတ်ဝေတဲ့ 'ပရိတ်ကြီး ဆယ့်တစ်သုတ် ပါဠိ နှင့်အနက်' စာအုပ်မှာ ဖတ်နိုင်ပါတယ်။ )

အရှင် အဂုင်္လိမာလကိုယ်တော်ကြီးက သည်လိုပြောတာပါ။ ' မေတ္တာ ထားအပ်သော နှမ၊ ငါသည် တချိန်တခါက စပြီး အရိယသူတော်စင် (ရဟန်း) ဖြစ်ခဲ့တယ်။ အဲဒီလို အရိယသူတော်စင် ဖြစ်တဲ့အချိန်ကစပြီး ဘယ်သတ္တဝါကိုမှ သတ်ဖူးတယ်ရယ်လို့ ငါမသိပါ။ [ စင်္ကြံလျှောက်တော်မူရင်း ပိုးပုရွက်တွေကို မတော်တဆ နင်းမိချင် နင်းမိလိမ့်မယ်။ ဒါပေမယ့် သေစေလိုတဲ့ စေတနာ (စေ့ဆော်တိုက်တွန်းခြင်းသဘော) မပါပါ။ မရှိပါ။ သေသွားရှာတယ် ဆိုတာတောင် မသိပါ။ သတ္တဝါတွေကို သေစေလိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ သတ်ဖြတ်ဖူးခြင်း လုံးဝမရှိပါ။ သည်စကားဟာ မှန်ကန်တိကျတဲ့ သစ္စာစကားပါ။ ဤ မှန်တဲ့ သစ္စာစကားကြောင့် မေတ္တာထားအပ်သော အသင်နှမသည် ကျန်းမာချမ်းသာပါစေ။ သင်နှမ၏ ဝမ်းကြာတိုက်မှ သန္ဓေသားလောင်းသည်လည်း ကျန်းမာချမ်းသာပါစေ။ ]
ဒါပါပဲ ။ တချိန်က လူဆိုးကြီးဘဝနဲ့ လူတွေ သတ်ခဲ့တာကို မငြင်းပါဘူး။ အရိယ သူတော်စင် ဖြစ်တဲ့အချိန်က စပြီး သတ်ဖြတ်ညှင်းဆဲမှု ဘာတစ်ခုမှ မပြုဘူး။ ' အသက်မှ ချဖူးသည်ဟူ၍ ငါမသိ ' လို့ပဲ ရိုးဖြောင့်စွာ သစ္စာဆိုတာပါ။

'ခလုတ်ထိမှ အမိတ' ဆိုတဲ့ စကားလိုပဲ ကျွန်တော့်ဇနီး သမီးဦးမွေးခါနီး ဗိုက်နာတော့ (သားလား၊ သမီးလား မသိသေးပါဘူး ) ကျွန်တော့် အကိုကြီး (လူမှုဖူလုံရေး ဆရာဝန်ကြီး) ဒေါက်တာဦးအောင်ကျော်ညွန့်က ကျွန်တော့်ဇနီးကို စမ်းသပ်ပြီး ဗိုက်ပေါ်မှာ ဘောပင်နဲ့ အမှတ်အသားတစ်ခု ရေးပေးတယ်။ နောက် ဂျင်မခါနာ (ဗဟိုအမျိုးသမီးဆေးရုံကြီး) ကို အမြန်သွားခိုင်းတယ်။ ကျွန်တော့်အမ မမစိန်စိန်က ဆေးရုံလိုက်ပို့ပေးတယ်။ ကျွန်တော် ဆေးရုံသံတံခါးနားမှာ လမ်းလျှောက်ရင်း စောင့်နေတယ်။ စိတ်ပူတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ ပရိတ်တွေ ဘာတွေလဲ မေ့ကုန်ပြီ။ ခဏကြာတော့ မမစိန်စိန် ဆင်းလာတယ်။ စာရွက်တစ်ရွက်မှာ လက်မှတ်ထိုးခိုင်းတယ်။ "ဘာတွေ ဖြစ်လို့လဲ မမ" လို့ မေးတော့ "စိတ်မပူနဲ့ လိုအပ်ရင် ခွဲဖို့ လက်မှတ်ထိုးခိုင်းတာ ဒါထုံးစံပဲ၊ စိတ်အေးအေးထားနော်" လို့ ပြောပြီး ခပ်မြန်မြန်သုတ်သုတ် ပြန်တက်သွားတယ်။ ကျွန်တော် ခေါင်းမီးတောက်ပြီ။ အစ်ကိုကြီး ဒေါက်တာဦးအောင်ကျော်ညွန့်ကလည်း " Breach Case ကွ"။ ဆေးရုံကို အမြန်ဆုံးသွား။ မင်းက ဗိုက်နဲ့ မိန်းမကို အိမ်မှာ ထားခဲ့ပြီး လျှောက်လေနေတယ်။ ငါ့လက်သီးစာတော့ မိတော့မယ် မြန်မြန်သွား" လို့လဲ အငေါက်ခံခဲ့ရပြီးပြီ။ ဒါနဲ့ ကျွန်တော်လည်း မမစိန်စိန်ကို အကူအညီတောင်းပြီး ဆေးရုံကို အမြန်လာခဲ့ရတာ။

ခွဲကောင်း ခွဲရမယ်လည်း ဆိုရော ကျွန်တော် ထိုင်ရမလို ထရမလို လမ်းလျှောက်ရမလို ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ ဖျတ်ခနဲ သတိရတယ်။ အဂုင်္လိမာလသုတ်။ ပါဠိလို မရဘူး။ အဓိပ္ပါယ်တော့သိတယ်။ ဒါကြောင့် အရှင်အဂုင်္လိမာလကိုယ်တော်ကြီးဟာ သည်လို သစ္စာဆိုခဲ့ပါတယ်လို့ တစ်ယောက်တည်း ကြားရုံရွတ်ပြီး ခုနက စာပိုဒ်ကို တတွတ်တွတ်ရွတ်နေမိတယ်။ ဆန်းပြားပါတယ်။ နှစ်ခေါက်သုံးခေါက်လောက် ရွတ်ပြီးတော့ စိတ်နည်းနည်းအေးလာတယ်။ နောက်ထပ် ကျွန်တော် သတိရပြန်တယ်။ အဲဒါကတော့ ကျွန်တော်ကိုယ်တိုင် သစ္စာဆိုဖို့ပဲ။ သစ္စာဆိုတာ မှန်ကန်တိကျရတယ်။ ဒါကြောင့် ကျွန်တော်ဟာ သစ္စာဆိုဖို့ မှန်ကန်တဲ့ အကြောင်းကို စဉ်းစားတယ်။

ငါ မဟုတ်တာတွေ၊ မတော်တာတွေ အများကြီး လုပ်ခဲ့ဖူးတယ်။ ဘယ်သူမှ မသိပေမယ့် ငါ့ဘာသာငါ သိနေတယ်။ မှန်တာ ဘာရှိသလဲ။ အမှန်ဆုံး အတိကျဆုံး ဖြစ်ရမယ်။ ဒီအခါ ကျွန်တော် ဥာဏ်ထဲ လင်းခနဲ တစ်ချက်မြင်သွားပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်ဇနီးနဲ့ လက်ထပ်ပြီးတဲ့ အချိန်က စပြီး ခုထိ တခြားဘယ်မိန်းမကိုမှ ကာယကံမြောက် မကျူးလွန်ခဲ့ဘူး။ ဒါ သိပ်သေချာတယ်။ ဒါကြောင့် ကျွန်တော် ဒီလို သစ္စာဆိုတယ်။ "မြတ်စွာဘုရား...တပည့်တော်သည် တပည့်တော်၏ ဇနီး မချိုရီ နှင့် လက်ထပ်ပြီးသည့် အချိန်ကစ၍ အခြားမည်သည့် မိန်းမကိုမှ ကာယကံမြောက် ကျူးလွန်ခဲ့ခြင်း မရှိပါဘုရား။ ဤစကားသည် မှန်ကန်တိကျသော စကားဖြစ်ပါသည် ဘုရား။ ဤမှန်ကန်သော သစ္စာစကားကြောင့် တပည့်တော်၏ ဇနီး မချိုရီနှင့် မွေးဖွားလာမည့် ကလေးငယ်သည် ကျန်းမာချမ်းသာပါစေဘုရား"

အဲဒီလို အထပ်ထပ် ရွတ်ဆိုနေမိပါတယ်။ ဘယ်လောက်ကြာသွားတယ်တော့ မသိဘူး။ မမစိန်စိန်ဆင်းလာပြီး "မွေးပြီးဝဏ္ဏရေ၊ မိန်းကလေး" လို့ လာပြောပါတယ်။ ဖခင်တစ်ယောက်အနေနဲ့တော့ ဘယ်လို ဝမ်းမြောက်မလဲဆိုတာတော့ ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။

ဒီလိုပါပဲ။ နောက်မွေးတဲ့ သားလတ် မောင်ပြေဇင်လည်း Breach (ဆုံပိုင်းဖွား) ပါပဲ။ (ဒေါက်တာ ဒေါ်ခင်သိန်းဦးက မွေးပေးပါတယ်။ အဲဒီတုန်းက အဂုင်္လိမာလသုတ်နဲ့ ကိုယ်တိုင် သစ္စာဆိုခဲ့ပါတယ်။) သားငယ်မောင်ဥက္ကာကျတော့ အချင်းပတ်ပြီး မွေးပါတယ်။ အဲဒီတုန်းက (တောင်ဥက္ကလာပ အမျိုးသမီးဆေးရုံကြီးမှာ) ဒေါက်တာ ဒေါ်ရင်မေ၊ တာဝန်ကျတဲ့ ဒေါက်တာ ဒေါ်အေးအေးလွင်တို့နဲ့ ကျွန်တော့် ညီမတော် စုစုတို့ ဂရုတစိုက်မွေးပေးလို့ မိခင်ကော ကလေးပါ အသက်ရှင်တာပါ။ ကျွန်တော့်ဇနီး ပင်ပန်းလွန်းပြီး သတိခဏ လစ်သွားခဲ့ပါသတဲ့။ သားငယ်ဟာ အချင်းပတ်ပြီးမွေးတော့ ချက်ချင်းအောက်ဆီဂျင်မရလို့ (အသက်မရှုနိုင်လို့) ပြာနှမ်းသွားခဲ့ပါသတဲ့။ စုစုက ပြန်ပြောတာပါ။ အဲဒီတုန်းကလည်း အဂုင်္လိမာလသုတ် (မြန်မာလို) နဲ့ ကိုယ်တိုင် သစ္စာဆိုခဲ့ပါတယ်။ ကလေးကော မိခင်ပါ ကျန်းမာချမ်းသာခဲ့ကြပါတယ်။ (ဆရာဝန်ကြီးတွေ၊ ဆရာမတွေရဲ့ ကြိုးစားအားထုတ် စေတနာထားမှုကိုလည်း မမေ့ပါဘူး။)

ပရိတ်တော်တွေတောင် ဒီလောက် အစွမ်းထက်ရင် မြတ်စွာဘုရားရဲ့ ဓမ္မတရားတော်တွေဟာ သံသရာဝဋ်ဆင်းရဲက လွတ်အောင် လမ်းပြရှေ့ဆောင်နိုင်ကြောင်း ယုံမှားဖွယ် မရှိပါဘူး။ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မဟာ....

အစ (ကြားနာရခြင်းဟူသော ကောင်းခြင်း)၊ အလယ်(ကျင့်ကြံအားထုတ်ရခြင်းဟူသော ကောင်းခြင်း)၊ အဆုံး(ကျင့်ကြံအားထုတ်ပြီးနောက် တရားထူးကို ရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရ၊ မျက်မှောက်ပြုရ) ခြင်းဟူသော ကောင်းခြင်းတို့နှင့် ပြည့်စုံပါတယ်။ ကိုယ်နားလည်နိုင်တဲ့ တရား နာကြည့်ပါ။ ကိုယ်နားလည် သဘောပေါက်နိုင်တဲ့ တရားစာအုပ် ဖတ်ကြည့်ပါ။ စနစ်တကျ ကျင့်ကြံပွားများ ကြည့်ပါ။ သိသာပါလိမ့်မယ်။ မြတ်စွာဘုရားရဲ့ ဓမ္မဟာ အာမခံချက် အပြည့်ရှိပါတယ်။ စ၊လယ်၊ဆုံး သုံးပါးစလုံး ကောင်းမွန်စွာ ဟောကြားအပ်တဲ့ တရားပါ။

(၂) သန္ဒိဌိက(သန္ဒိဌိကော ဘဂဝတော ဓမ္မော)

သန္ဒိဌိကဂုဏ်တော်ဆိုတာ 'ကိုယ်တိုင် သိမြင်ခြင်းငှာ ထိုက်တော်မူဧ။်' လို့ မြန်မာလို ဆိုနိုင်ပါတယ်။ ”ဘုရားရှင် ဟောတော်မူအပ်သော တရားတော်သည် ဟောတော်မူထားသည့်အတိုင်းသာ ကျင့်ကြံအားထုတ် ကြလျှင် မဂ်ဖိုလ်အထိ ပေါက်ရောက်နိုင်ပေဧ။်။ မဂ်ဖိုလ်ရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင် သိနိုင်ဧ။်။" (ဆရာတော်ကြီး အရှင် ဇနကာဘိဝံသက ရတနာ့ဂုဏ်ရည် စာအုပ်မှာ သည်အတိုင်း ရေးတော်မူခဲ့ပါတယ်)

(၃) အကာလိကဂုဏ်တော် (အကာလိကော ဘဂဝတော ဓမ္မော)

အချိန်မဆိုင်းဘဲ စိတ်အေးချမ်းသာမှုနဲ့ လောကုတ္တရာ အကျိုးစီးပွားကို ပေးနိုင်တယ်။ (အကျိုးပေးဖို့ အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ။ ရတနာ့ဂုဏ်ရည်)

(၄) ဧဟိပဿိကဂုဏ်တော် (ဧဟိပဿိကော ဘဂဝတော ဓမ္မော)

လာလော့ ရှုလော့ ဆိုတဲ့ ဂုဏ်တော်နဲ့ ပြည့်စုံတော်မူပါတယ်။ ခုန အချိန်မရွေး၊ နေရာမရွေး၊ အခြေအနေမရွေးဆိုတဲ့ အကာလိက ဂုဏ်တော်နဲ့ ဆက်လျက်ပါပဲ။ အဆင့်တော့ နည်းနည်းမြင့်သွားပြီလို့ ယူဆပါတယ်။ ”လာလော့” တဲ့။”ရှုလော့” တဲ့။ ဘယ်လိုနည်းနဲ့ စမ်းသပ်စစ်ဆေးချင်သလဲ။ ကြိုက်တဲ့နည်းနဲ့ စမ်းသပ်စစ်ဆေးပါ။ ကြိုက်တဲ့နည်းနဲ့ ဝေဖန်သုံးသပ်ပါ။ စမ်းချင်သလိုစမ်း၊ စစ်ချင်သလို စစ်ဆိုပြီး အပြည့်အဝ ခွင့်ပေးထားပါတယ်။ တရားဆီကို လာပါတဲ့။ တရားကို ရှုပါတဲ့။ ကျွန်တော်တို့ဟာ မိမိခန္ဓာကိုယ်မှာပဲ ရှိနေတဲ့ တရားကို အဝေးကြီးလို့ ထင်လေ့ ရှိကြပါတယ်။ ဗုဒ္ဓမြတ်စွာက ရောဟိတဿသုတ္တန်မှာ ”လောကရဲ့အစ၊ လောကရဲ့အဆုံးကို ဘယ်စကြဝဠာမှာမှ လိုက်ရှာမနေနဲ့။ ဤတစ်လံမျှရှိသော ခန္ဓာကိုယ်မှာပဲ လောကရဲ့ အစလည်းရှိတယ်။ လောကရဲ့ အဆုံးလည်း ရှိတယ်” လို့ တိတိလင်းလင်း ရှင်းရှင်းပြတ်ပြတ် ဟောကြားထားပါတယ်။

(၅) သြပါနေယျိက (သြပါနေယျိကော ဘဂဝတော ဓမ္မော)

ကိုယ်နှင့်မကွာ၊ စိတ်နဲ့မကွာ အမြဲတမ်းဆောင်ထားအပ်သော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏ တဲ့ ။ (မိမိစိတ်သို့ ကပ်၍ ဆောင်ယူထိုက်၏)

(၆) ပစ္စတံဝေဒိတဗ္ဗဝိညူဟိ

သူတော်စင်ပညာရှိတို့ ဆင်ခြင်သဘောပေါက်နိုင်တဲ့ ဂုဏ်တော်နဲ့ ပြည့်စုံတော်မူပါပေ၏တဲ့။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓမ္မတရားကို သိရှိနားလည်သဘောပေါက်ပြီး ကျင့်သုံးနိုင်ဖို့ အရေးကြီးဆုံး အချက်က ”ပညာ”။ ဥာဏ်ပညာ (အသိဥာဏ်ပညာ) ရင့်ကျက်ဖို့ပါပဲ။ ပညာရင့်ကျက်လာဖို့ တစ်ဆင့်ချင်း တက်လာနိုင်ပါတယ်။ ဒါဖြင့် ဥာဏ်ပညာနုံနဲ့သူတွေ အတွက်တော့ သဘောမပေါက်နိုင်ဖူးတဲ့လား။ မဟုတ်ပါ။ မြတ်စွာဘုရားက နည်းမျိုးစုံသုံးပြီး ဟောကြားတော်မူခဲ့ပါတယ်။ ဥပမာ - လယ်သမားကို လယ်သမား နားလည်နိုင်တဲ့ ဥပမာ ဥပမေယျတွေနဲ့ ဟောပါတယ်။ [သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂဗြာဟ္မဏသံယုတ် ၊ (ကသိဘာရဒွာဇသုတ်) မှာ အကျယ်ဖတ်နိုင်ကြောင်းပါ။ ] မြင်းထိန်း (မြင်းမွေးတဲ့ မြင်းဆရာ) ကို မြင်းထိန်းကျောင်းတဲ့နည်း၊ မြင်းသမားဝေါဟာရတွေနဲ့ ရှင်းလင်းဟောကြားခဲ့ပါတယ်။

Thursday, November 20, 2008

နှစ်ထပ်မြို့တော်

နှစ်ထပ်ဘတ်စ်ကားတွေက
နှစ်ထပ်ဖြစ်နေတဲ့ ကားလမ်းတွေပေါ်မှာ
နှစ်ထပ်ဖြစ်နေတဲ့ လူကူးတံတားများနဲ့
မိုးမျှော်တိုက်တွေသာ များတဲ့ ဒီမြို့က
(တချို့နေရာတွေမှာတော့..)
နှစ်ထပ်တိုက်လှလှလေးတွေကော
နှစ်ထပ်တိုက်အဟောင်းအမြင်းတွေပါ
တစွန်းတစ တန်ဆာဆင်လို့
အတော်များများ နှစ်ထပ်ဖြစ်နေတဲ့ ဒီမြို့တော်မှာ..

နှစ်ထပ်ဖြစ်နေတဲ့ မိသားစုတွေကော
တခြားမြို့တော်တွေမှာလိုပဲ
ဘယ်လောက်ရှိနေမလဲ။

အိုမင်းမစွမ်း မိဘအပေါ်
အလိမ္မာမှာ အကြင်နာနှစ်ထပ်ဆင့်မယ့်
သားသမီးတွေကော
ဘယ်နှစ်ရာလောက်များ ရှိနေမလဲ။

အလုပ်နှစ်ထပ်လုပ်
ကျားကုတ်ကျားခဲနဲ့
ဘဝထဲက လူငယ်တွေကော
ဘယ်နှစ်ယောက်လောက် ရှိမလဲ။

ဘာပဲပြောပြော
ဒီနှစ်ထပ်မြို့တော်မှာ..
ခဏတာလား
တဘဝစာလား
မသေချာပေမယ့်
အသားအရောင်ပေါင်းစုံ
ဆံပင်အရောင်ပေါင်းစုံ
အရွယ်ပေါင်းစုံနဲ့
လူမျိုးပေါင်းစုံကတော့
နှစ်ထပ်မကတဲ့ မိုးမျှော်တိုက်တွေလို..
နေရာအနှံ့...။

နေ့လည် ၁နာရီ ၄၂မိနစ်
နိုဝင်ဘာလ ၂၀ရက် ၂၀၀၈ခုနှစ်။

Sunday, November 02, 2008

လှချင်တယ်လား..ဝါး

ဘာရယ်မဟုတ် မဘလော့ခ်တော့ဘူးဆိုကာမှ...သတိရလာတာနဲ့ ဒီပို့စ်လေး ကောက်ရေးလိုက်ပါတယ်။ လှမလားဆိုပြီး ကျွန်မ လုပ်မိသမျှ ကမောက်ကမ ဖြစ်ခဲ့ရတာတွေ ရှိခဲ့ဘူးပါတယ်။

ကျွန်မ လေးတန်းတက်စမှာ ကျွန်မတို့ မောင်နှမကို ထိန်းခဲ့တဲ့ အဒေါ်က မင်္ဂလာဆောင်ပါတယ်။ အဒေါ့်မင်္ဂလာဆောင်ဆိုတော့..ကျွန်မဖို့ အကျီ င်္စကတ်စ် အသစ်၊ အကိုဖို့ ရှပ်အကျီ င်္အသစ်တွေ ပွဲနဲ့လိုက်အောင်ဆိုပြီး လူကြီးတွေက ချုပ်ပေးပါတယ်။ အဲဒီမှာ ကျွန်မအတွက် စကတ်စ်ကလေးက တိုက်စကတ်စ်ခေါ်မှာပေါ့နော်..အဲဒီခေတ်က ခါးမှာအတိပေမယ့် ဒူးမရောက်ခင်လောက်ကနေ စပြီး ပွသွားပြီး အောက်နားမှာ ခပ်ကားကားလေးဖြစ်အောင် ညှပ်ထားတဲ့ ဟာမျိုးပါ။ ထီးပုံလို့ ခေါ်ရင် ပိုမှန်မလားမသိဘူး။ ထီးလောက်တော့ မကားပါဘူး။ အဖွားက အဒေါ် မင်္ဂလာဆောင်က တခြားဟာတွေမှာလဲ ချဲ့ထားလို့ သတို့သားဘက်က ငွေအတော်ကုန်နေပြီမို့ ကလေးတွေ အတွက် တကယ်တော့လည်း ချဲ့သည်ဖြစ်စေ၊ မချဲ့သည်ဖြစ်စေ သိပ်မသိသာဘူး ဆိုပြီး ချွေတာပေးချင်တဲ့ စေတနာနဲ့ အဘွားငယ်ငယ်ကဝတ်ခဲ့တဲ့ ချိတ်ထမီ အဝါလေး (ဝနေပြီမို့ အဖွား အဲဒီ ထမီကို ဝတ်လို့ မတော်တော့ပါဘူး) ကို ဖျက်ပြီး ကျွန်မကိုယ်တိုင်းနဲ့ ဆိုင်မှာ လိုက်အပ်ပေးပါတယ်။ အဲဒီစကတ်စ်ရလာတော့လည်း သူတို့ စအပ်ကတည်းက ထမီစ အလေမဖြစ်အောင်ဆိုပြီး အောက်နားမှာ အတွင်းဘက်ကို လိပ်ခေါက်ထားတာ သုံးပတ်လောက် ရှိပါတယ်။ နည်းနည်းကြီးလာတဲ့ ထိ ဝတ်လို့ရအောင်လို့ လုပ်ထားတာပါ။ မသိမသာ နည်းနည်းလေးကြီးပါတယ်။ ကျွန်မငယ်ငယ်ကတည်းက စကားလုံးအဆန်းအပြားတွေ ပြောတတ်ပါတယ်။ အဲလိုမျိုး အကျီ င်္တွေ စကတ်စ်တွေကို မေမေတို့ ဖွားဖွားတို့က ဆင်တဲ့အခါ ”သမီးကို ဒီစီမံကိန်း အကျီ င်္တွေ စကတ်စ်တွေပဲ ချုပ်ပေးနေတာပဲ” လို့ လူကြီးတွေကို ဂျစ်တိုက်နေကြပါ။ ဂျစ်တိုက်ပေမယ့် ပြီးတော့လည်း ဝတ်ရတာပါပဲ :(

အဲဒီစကတ်စ်ကလေးက အဒေါ့်မင်္ဂလာဆောင်မှာတော့ အတော် အဆင်ပြေပါတယ်။ ပွဲနဲ့ လိုက်ဖက်ညီစွာနဲ့ပါပဲ။ အဲလိုနဲ့ နောက်ထပ် လူကြီးတွေ တခါတလေ ခေါ်တတ်တဲ့ မင်္ဂလာဆောင် နှစ်ခု သုံးခုလောက် လိုက်သွားတဲ့ အခါ ဝတ်ပြီး အဲဒီစကတ်စ်လေးက ဝတ်ဖို့ အခွင့်မရတော့ပါဘူး။ အဖွားရဲ့ ငယ်ငယ်ကတည်းက ထမီဆိုပေမယ့် ပိုးချိတ်သိပ်မထူတာလည်း အမှန်ပေမယ့် အရောင်လဲမကျ ပိတ်လည်းမဆွေးပါဘူး။ လှကလည်းလှပါတယ်။ ၆တန်းပြီးခါနီးမှာ အဲဒီစကတ်စ်ကို အောက်နားက ခေါက်ထားတာတွေ ဖြေပြီး ဝတ်လို့က ရနေသေးတော့ တရက် ကျူရှင်အသွားမှာ ဝတ်သွားတော့ ကျွန်မသူငယ်ချင်း ရွှေရိုးက လက်ညှိုးထိုး ဟားပါတယ်။ သူကဟားရုံဟားပြီး စကားမဆက်ပေမယ့် သူ့အကိုက အဲဒီနေ့က စပြီး ကျွန်မကို ဗန္ဓုလဘောင်းဘီလို့ နာမည်ဖျက်ပြီး နောက်ပြောင်ပါတော့တယ်။ ပြန်စဉ်းစားကြည့်တဲ့အခါ..နည်းနည်းပြောင်လက်တဲ့ပိုးချိတ်စကတ်စ် အဝါလေးကို မဝတ်ရတော့မှာစိုးပြီး မတော်တဲ့ ကျူရှင်လိုမျိုးကို ခပ်ပိန်ပိန် ကိုယ့်ပုံစံနဲ့ နေ့ခင်းဘက်ကြီး ဝတ်သွားမိတော့ သူပြောသလိုပဲ ဗန္ဓုလဘောင်းဘီ ဖြစ်တော့တာပေါ့။အဲဒီအချိန်က ယဉ်ကျေးမှုက ပြဇာတ်တွေက TV ကလွှင့်နေကျဆိုတော့ သူပြောတာ ကွက်တိပါပဲ။ နန်းတွင်းသားတွေ ပုဆိုးအပွ ခါးတောင်းကျိုက်ထားတတ်တဲ့ပုံစံမျိုးမှာ အောက်က သပ်သပ်ထွက်နေတတ်တဲ့ ဘောင်းဘီအပွလိုမျိုးကိုး။ ပိုရီရတာက ကျွန်မ အဲလိုဝတ်တာကို သဘောကျလို့ ဆိုပြီး ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ငပြူးက သူ့မားမားကို တရုတ်တွေ ဝတ်လေ့မရှိတဲ့ အဲဒီချိတ်ပုံစံမျိုး ဗေဒါရောင်လေးကို ခုနှစ်တန်းနှစ်စမှာ ကျွန်မအတိုင်းပဲ ပုံစံတူတူလိုက်ချုပ်ပြီး ဝတ်ပါတယ်။ ဟီး...ဒီကောင်နဲ့ ကျွန်မ ငယ်ငယ်က အဲလိုပဲ ပေါတာချင်းတူ အရှူးထတာလဲတူပြီး ဆင်တူချုပ်တာတို့၊ သူဝယ်ရင် ငါလည်းဝယ်တယ်တို့ စသဖြင့် ပုံစံတူပြီး အရောင်ကွဲတာ၊ အရောင်တူပြီး ပုံစံကွဲတာ အဲဒါမျိုး girly nature တွေ လုပ်တတ်တယ်။

ကျွန်မအဒေါ်က ဆံပင်ကောက်တာကြိုက်ပါတယ်။ ခုထိလဲ ကောက်တုန်းပါ။ သူဆံပင်ကောက်တာ အဖော်လိုက်လိုက်သွားပြီး တခါ ကျွန်မပူဆာတာနဲ့ ကျွန်မကိုပါ တခေါင်းလုံး ဆံပင်ကောက်ပေးလိုက်ပါတယ်။ အဲဒီဆံပင်က ကျွန်မနဲ့ လိုက်မလိုက်ဆိုတာ နွေရာသီကျောင်းပိတ်ရက် ဖေဖေမေမေတို့ဆီ ကျောင်းပိတ်သုံးလပြန်တော့ ဖေဖေ့တပည့်တွေက ကပ္ပလီမလို့ ခေါ်ကြတဲ့အထိ။ လျှပ်စီးလက်အောင်ဆော့တဲ့ ကျွန်မ နေပူထဲလျှောက်ဆော့ပြီး အသားမည်းမည်း ဆံပင်ကောက်ကောက် ပိန်ပိန်ဆိုတော့ ခေါ်ခံရတာတောင် နည်းပါသေးတယ်။

ဆယ်တန်းအောင်ပြီးတော့ သူငယ်ချင်း ယောက်ကျားလေးတွေနဲ့ တွဲမိပြီး ကဗျာရေးတာတို့၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေကန်တာတို့၊ သီချင်းဆိုတာတို့ လုပ်နေတာနဲ့ လူပါ ယောက်ကျားလေး အရမ်းဆန်သွားပါတယ်။ မိန်းကလေးလိုမျိုး လှလှပပ လိမ်းခြယ်ဝတ်ရင်ကို ဟားချင်လာတယ်။ ရှပ်အကျီ င်္တွေပဲ အဝတ်များခဲ့ပါတယ်။ ဘာမှ မလိမ်းတဲ့ မျက်နှာပြောင်နဲ့ ရှပ်အကျီ င်္ကို country ပုံစံ အကွက်လှလှရှာပြီး ကျွန်မတို့တွေ ချုပ်ဝတ်ကြပါတယ်။ ပိတ်သားထဲကို ရိုက်သွင်းပြီးမှ တပ်ရတဲ့ ပုလဲကြယ်သီးတပ်ထားတဲ့ country ပုံစံ အနီ၊ အပြာ၊ အစိမ်း၊ အညိုရှပ်တွေက အဲဒီအရွယ်က စိတ်ထဲ တအားမိုက်တယ်ဆိုပြီး ကြိုက်တာပါ။ ကျွန်မတို့စိတ်ထဲ ထင်ခဲ့တဲ့ အလှဆုံး ဝတ်စုံပါ။ contry shirt အနီကွက်နဲ့ အောက်က ထမီကတော့ ယောထမီတို့၊ ချည်သားပြောင်တွေနဲ့ပေါ့...။ ဆံပင်တွေကတော့ Heavy Metal သီချင်းတွေကို အရမ်းကြိုက်နေတဲ့ အချိန်ဆိုတော့ ပုခုံးကျော်ကျော်အရှည်ထားပြီး layers တွေ ညှပ်လေ့ရှိပါတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ်...contry shirt နဲ့ အဲဒီ steps ဆံပင်ရှည်ရှည်နဲ့..လက်ဖက်ရည်ဆိုင်တွေရှေ့က ဆောင့်ကြွားကြွား ဖြတ်လျှောက်သွားတဲ့အခါ တခါတလေ လေးဖြူလို့ အနောက်ခံရရင် မြှောက်ကြွ မြှောက်ကြွနဲ့ ကျိတ်ပျော်တတ်သေးတယ်။

ဒီလိုနဲ့ ငယ်ငယ်က ဆံပင်ကောက်ဖူးတာ ငါနဲ့ မလိုက်ဘူးဆိုပြီး ကျွန်မ စိတ်မှာ အသေမှတ်ထားတယ်။ နောက် ဘယ်တော့မှ မကောက်တော့ဘူးလို့လဲ ဆုံးဖြတ်ထားတာပဲ။ ဒါပေမယ့်..ဒါပေမယ့်ပေါ့လေ... စင်ကာပူ ရောက်ပြီးသကာလ နဂိုက ဆံပင်ပါးရတဲ့ ကြားထဲ ဒီက ရေတွေကပဲ ဆေးခပ်တာများသလား၊ ကိုယ်ကပဲ အသက်ကြီးလာလို့ ဓာတ်တွေ ချို့တဲ့လာသလား မပြောတတ်ပါဘူး။ ဆံပင်တွေ အရမ်းကျွတ်တာနဲ့ ဆံပင် နည်းနည်းများသလိုလို ပြန်ဖြစ်လာမလား မျှော်လင့်ပြီး ကောက်လိုက်မိပါတယ်။ ကောက်တဲ့နေ့က မှတ်မှတ်ရရ ခြောက်နှစ်ကျော်ခင်ခဲ့ကြတဲ့ ရန်ကုန်အလုပ်ထဲကလူတွေ သူငယ်ချင်း ယောက်ကျားလေး မိန်းကလေးတွေ တစ်ယောက်မကပါပါတယ်။ city hallက ဆံပင်ဆိုင်တခုမှာပါပဲ။ ပုံပြပြီးကောက်တာပါ။ အားလုံးကလည်း ကျွန်မထက်ငယ်ပေမယ့် မောင်နှမတွေလိုလည်း ခင်နေတော့ တို့အမကြီး ဆံပင်ကောက်နေတယ်ပေါ့နော်။ ဘာပုံလည်းပေါ့..ကျွန်မက ဘုမသိဘမသိ style တွေ ဘာတွေ နားမလည်ပေမယ့် Nicole Kidman ကြိုက်တဲ့သူဆိုတော့ ဒီမင်းသမီးရုပ်နဲ့ ကိုယ့်ရုပ်က နံသာဆီနဲ့ အီးလို ကွာတာ သိပေမယ့် ကိုယ်ကြိုက်တဲ့ တခေါင်းလုံးကောက်ပြီးဘေးခွဲခွဲထားတဲ့ သူ့ဓာတ်ပုံ လက်ညှိုးထိုးပြီး ဒီပုံလို့ ပြလိုက်ပါတယ်။ အတူလာတဲ့ ဆံပင်ကျွမ်းကျင်တဲ့ သူငယ်ချင်းက လိုက်ပါ့မလား တချက်တွေသွားပါသေးတယ်။ နောက်တော့ ကျွန်မသိပ်စိတ်အားထက်သန်နေတာနဲ့ ကျွန်မစိတ်ချမ်းသာပါစေ ဆိုပြီး မပြောတော့ပါဘူး။ ချပေါ့ဆိုပြီး..ထားခဲ့ပါတယ်။ ကောက်ပြီးတဲ့အချိန် hair dresser က ကြည့်တော့ဆိုတဲ့ အခါ ..ကိုယ့်ပုံကို မှန်ထဲ မြင်တဲ့ အချိန်မှာ ငါမှားပြီ ဆိုတာ သိလိုက်ပါပြီ။ တော်တော်လဲ စိတ်ပိန်သွားတယ်။ အမှားအယွင်းတခုကို ငါ လုပ်လိုက်မိပြန်ပါပေါ့လားလို့ မချိတင်ကဲဖြစ်သွားတယ်။ ဒါပေမယ့် ပြင်လို့ မရတော့ဘူး။ ဆံပင်တွေက တခေါင်းလုံးကောက်ကွေးလို့ နေပါပြီ။ သူတို့ ခဏနေ တပတ်ပြန်လာခေါ်ကြတဲ့အခါ အားလုံးမပါလာပါစေနဲ့ ဆုတောင်းပေမယ့် မပြည့်ပါဘူး။ စောစောက လူတော်တော်များများပြန်ပါလာပါတယ်။ ဒါနဲ့ သူတို့ ပြောမှဆိုမှ ဆို ငါမသက်သာလောက်ဘူးဆိုပြီး ကိုယ့်ဘာသာပဲ ကိုယ်ပဲ ”ငါ့ကွာ.. Nicole Kidman နဲ့ တူမယ် ထင်ပြီး ကောက်လိုက်တာ ပြီးလည်းပြီးရော မှန်ထဲ ကြည့်လိုက်တော့ ထူးအိမ်သင်ကြီး တွေ့လိုက်ရတယ်” လို့ ကိုယ့်ဘာသာ ကြိုဟာသလုပ်ထားလိုက်ပါတယ်။ အားလုံး တဝါးဝါးတဟားဟားနဲ့ ရီလိုက်ကြတာ pennisula plaza ကြီးတောင် နည်းနည်းတုန်သွားလား မသိဘူး။ အဲဒီတုန်းက pennisula plaza ထဲမှာပဲ ဆံပင်ကောက်ပြီးပြီးချင်း အမှတ်တရ ဆိုပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ခပ်ဝါးဝါးတော့ computer ထဲမှာ ခုထိ ရှိသေးရဲ့...။

Friday, October 31, 2008

အသံဆူတဲ့ည

အဲဒီညက
ခါးလိုက်တဲ့ အရည်တွေ
ငါ့နားရွက်ကနေ
အလိုမတူဘဲ..အတင်းမျိုချခဲ့ရ။
ပြီးတော့...
တစစနဲ့ ပျံ့နှံ့ နေရာယူလိုက်ပုံများ
နောက်ဆုံး ဦးနှောက်တခုလုံး
သုံးမရတော့တဲ့အထိ။
မူးယစ်တဲ့...အသိ
နောက်ကျိခဲ့...အာရုံ
ထုံသွားတဲ့...စိတ်ဟာ
နှိပ်စက်ခံလိုက်ရတာများ
အိပ်ပစ်လိုက်ရတဲ့အထိ။

ဒီဇင်ဘာ ၅ရက် ၂၀၀၁ခုနှစ်။
မနက် ၁၂နာရီ ၃မိနစ်။


August ကနေ October ထိ သုံးလလုံးလုံး အိယောင်ဝါးပြီး အပျင်းထူ အနားယူလို့ စိတ်ကူးတည့်ရာ လျှောက်လုပ်နေခဲ့ရာက ခုတော့ လုပ်စရာတွေက တန်းစီလို့နေပါပြီ။ ဘလော့ခ်တွေလျှောက်လည်ခြင်း၊ ဖတ်ခြင်း နဲ့ ရေးခြင်း ခဏရပ်ပါဦးမယ်လို့ လက်ငါးချောင်းမပြည့်တဲ့ကျွန်မဘလော့ခ် စာဖတ်သူတွေရယ်၊ မျက်စိလည်လမ်းမှားပြီ တခါတလေ အလည်လာတဲ့သူတွေရယ်ကို လေးစားစွာပန်ကြားခဲ့ပါတယ်။ နောက် အချိန်ပိုတွေ ပြန်ထွက်လာတဲ့ အခါ ပြန်ဘလော့ခ်မယ်နော်။ ၂၀၀၁ တုန်းက ရေးခဲ့တဲ့အသံဆူတဲ့ည ဆိုတဲ့ ကဗျာလေးနဲ့ တာ့တာ လုပ်ခဲ့ပါတယ်။



Thursday, October 30, 2008

လိပ်ပြာ

ကြည့်လေရာ...မျက်စိတဆုံး
နှင်းအတိဖုံးတဲ့...ဒီလွင်ပြင်ကြီးထဲ
ခြေလျင်သွားတဲ့သူတချို့
စွပ်ဖားလှည်းနဲ့က တချို့
သွားနေခဲ့ကြ။
ခြေလျင်သမားရဲ့နောက်မှာ
ခြေရာ..
စွပ်ဖားလှည်းရဲ့နောက်မှာ
လှည်းရာ..
ဘယ်မှာ...ဖျောက်လို့ ရနိုင်မလဲ။
အချိန်နဲ့အမျှ
အကြိမ်ကြိမ်ကျတဲ့...နှင်းအောက်မှာ
ပျောက်ဆုံးခဲ့...အရာရာ
လိပ်ပြာ...ဒါပါပဲ။
တချိန်က...ဒီနှင်းအောက်မှာ
ဘာရှိခဲ့တယ်ဆိုတာ...။

အောက်တိုဘာလ ၁၅ရက်၊ ၂၀၀၁ခုနှစ်။
မနက် ၉နာရီ ၂၄မိနစ်။


ဝန်ခံချက်။ ။ ဆရာ တာရာမင်းဝေဧ။် ဝတ္ထုခေါင်းစဉ်အား ခံစားရေးဖွဲ့ပါသည်။


Wednesday, October 29, 2008

နားမကောင်းသူများ

လိမ်ကောက်နေတဲ့ သစ်ပင်ခြောက်တွေလေ
ပင်ခြေတွေမှာ...ရွက်ကြွေတွေဝေလို့
နေရောင်အလင်းက
လူမမာတစ်ယောက်လို ဖျော့တော့
ညဉ်းညူနေတဲ့...လေညှင်းသံမှာ
နာကျင်ခြင်းတွေ...
ခါးသီးမှုတွေ...
မျှော်လင့်ချက်တွေနဲ့
ပိတ်ထားတဲ့...တံခါးတွေကို
နောက်ဆုံးထွက်သက်တိုင်..
ခေါက်နေကြတာများ
ကြားတတ်မယ်ဆိုရင်...။

ဒီဇင်ဘာ ၁၈ရက် ၂၀၀၁ခုနှစ်။
နေ့လည် ၁နာရီ ၄၃မိနစ်။


မနေ့က ကျွန်မရဲ့ကဗျာတွေကို သူ့ရဲ့website မှာ ပထမဆုံး တင်ပေးခဲ့တဲ့ သူငယ်ချင်းလေးဆီက သူ ခုထိသိမ်းထားတဲ့ အဲဒီကဗျာတွေ ကျွန်မ မတောင်းခဲ့ပေမယ့် Email နဲ့ zip လုပ်ပြီး ပို့လိုက်တယ်။ ကျွန်မမှာ အဲဒီ ကဗျာတွေ copy သိမ်းထားတာတောင် မရှိတော့ပါဘူး။ ရန်ကုန်က computer harddisk ကြွသွားတာနဲ့ မရှိတော့တာ။ ကဗျာနောက်ခံ ဒီဇိုင်းလေးတွေကို သူ့စိတ်ကူးနဲ့ သူ အမြဲ လှအောင်ဆင်ပေးတဲ့ သူမကို ခုထိ ကျေးဇူးတင်နေဆဲပါ။ ဒါနဲ့ပဲ ဝမ်းသာအားရ တစ်ပုဒ်တင်လိုက်တယ်။




Monday, October 27, 2008

လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ...

မနက်...။
ဒီကောင်မလေးလုပ်ပြန်ပြီ...။
ရုံးသွားဖို့ အချိန်ဒီလောက်ကပ်နေတာ ခုထိဆင်းမလာ။ စိတ်တိုတို နဲ့ ဟွန်းနှစ်ချက်လောက် ဆောင့်တီးပစ်လိုက်သည်။ မနက် ရုံးနောက်ကျရင် ပိုက်ဆံအဖြတ်ခံရမယ်ဆိုတာ သိလည်း မနက်တိုင်း ကားပေါ်ရောက်တာနဲ့ သံဗုဒ္ဓေ ရွတ်ပြီး ဒုက္ခပဲ ဒီလ နောက်ကျတာ နှစ်ခါရှိပြီ မှီပါ့မလား ဟု ပွစိပွစိ တယောက်တည်း ဆီမန်းမန်းတတ်တော့ မနေနိုင်တဲ့ ကိုယ်ကပဲ ပြိုင်ကားမောင်းသလို သေလုမျောပါး မောင်းပို့ရတာ ကြာတော့ စိတ်တိုလာသည်။ အမှတ်မရှိတဲ့ မိန်းကလေးပဲ လို့ ပစ်ပစ်နှစ်နှစ် တွေးလိုက်သည်။ တကယ်ဆို ညဘက် စောစောအိပ်ပါလား ။ တိုးတက်ရာတိုးတက်ကြောင်း စာကျတော့ မလုပ်ချင်..။ အရည်မရ အဖတ်မရ ကဗျာရေးလိုက် ၊ game ဆော့လိုက်၊ စာဖတ်လိုက်နဲ့ တော်တော်နဲ့ အိပ်ပုံမရ။ ဒင်းလုပ်တာနဲ့ ငါ accidentတို့ မော်တော်ပီကယ်တို့ နဲ့ ဘယ်တော့ ညားမလဲ ဟု တွေးတုန်း ဆင်းလာတာ မြင်သည်။

ဝတ်လာပြန်ပြီ...။
ဒီလို ဝမ်းဆက်ရိုးရိုးတွေချည်း ဝတ်လို့ ရုပ်ကိုက အဘွားကြီး ရုပ်ထွက်နေတာ။ ဝါးလုံးကို ပိတ်ဆင်တူပတ်ထားတဲ့ ပုံတုံးကြီး...မျက်မှန်ကပါသေး..စိတ်ပျက်စရာ။ ချွေတာတာကောင်းသော်လည်း အဝတ်အစား၊ ပိုက်ဆံအိတ်၊ ဖိနပ် ဘာမျှ style မရှိအောင် ကပ်စေးနှဲတာကျ သောက်မြင်ကပ်လှသည်။ discount ချတာတွေချည်း ဝယ်နေတာနေမှာပေါ့..။ ကြည့်ရင်းနဲ့ ဒါ ငါသီတင်းကျွတ်တုန်းက မေမေဖို့ ဆိုပြီး ဝယ်လာတဲ့ တရုပ်ဆင်ကို သူမကြိုက်တယ်ဆိုတာနဲ့ မေမေ့ ကို တခြားအဆင် ပြောင်းဝယ်ပေးပြီး သူမဖို့ အကျီ င်္စပါ ထပ်ဖြတ်ပြီး ဝယ်ပေးထားသော အဆင်ယဉ်ယဉ် တရုတ်စ ဆိုတာမှတ်မိသွားတော့ ဒေါသနဲနဲ ကျသွားသည်။

ကားပေါ်တက်လာပြီး မြန်မြန်ဝဝရ..နောက်ကျနေပြီ ဟု ပြောတော့ ဘုကြည့်ကြည့်လိုက်တော့ ရပ်သွားသည်။ ခဏနေတော့ ပါးစပ်က ငြိမ်ငြိမ်မနေ။ တတ်တာလည်း မဟုတ်ပဲနဲ့ ဟိုကားကြည့် ဟာ ဟိုမှာ လူ ..ဟယ် တိုက်တော့မှာပဲ ..စသဖြင့် အသံပေါင်းစုံ နဲ့ ထုံးစံအတိုင်း ဆရာလုပ်လာပြန်သည်။ စဉ်းစား ဆင်ခြင်ညဏ်ကို မရှိ ..ကားကို အေးအေးဆေးဆေးမောင်းလို့ရအောင် စောစောဆင်းဖို့ မကြိုးစားပဲ ခုမှ စိုးရိမ်သယောင် ဆရာလာလုပ်နေပါလား ဟု တွေးရင်း တခါတလေကို သူ့ကို သေချာတွက်ချက်ပြီး ဝင်ငွေထွက်ငွေ ချင့်ချိန်ဖို့ ပြောတတ်တာ သတိရတော့ အတွေး ရပ်သွားသည်။

ဘာဟင်းလဲ မေးတော့....”ပဲနီလေးဟင်းချို နဲ့ သက်သက်လွတ်ချဉ်ပေါင်ကြော်” ဆိုတော့ စိတ်တော်တော်ပျက်သွားသည်။ နေ့ခင်းကျ ငါ သူနဲ့ ထမင်းတူတူ မစားရအောင် ဘယ်လိုရှောင်ရပါ့ ဟု အကြံထုတ်ရသည်။ အားအားရှိ သက်သက်လွတ်ပဲ စားနေတာ စိတ်ပျက်စရာ ကောင်းလှသည်။ ဟင်းဆို မြိုင်မြိုင်ဆိုင်ဆိုင် ဆီပြန်ဟင်းတခွက်၊ အရည်သောက် တခွက်၊ ဟင်းရွက်ကြော်တခွက်ပါမှ စားတတ်သော သူ့အတွက် သူမရဲ့ ဖြစ်သလို သက်သက်လွတ်နေသော ဟင်းများက စိတ်ပျက်စရာဖြစ်တာ မဆန်းပါ။ သူမ သက်သက်လွတ်မစားတဲ့အခါ ကိုယ်ကြိုက်တတ်သော ငါးဘတ်မွှေတို့၊ ငါးခူစင်းကောတို့၊ ဝက်သားလုံးကြော်တို့၊ ကြက်ဟင်းခါးသီးကြော်တို့ စိတ်ရှည်လက်ရှည် ချက်ကျွေးတတ်သေးတာ သတိရလိုက်တော့..သူမနှင့် မနက်ထမင်းတူတူစားပြီး နောက်မှ နေ့ခင်းလက်ဖက်ရည်သောက်ချိန်မှ ကိုယ်ကြိုက်သော အသုတ်ဖြစ်ဖြစ်၊ ဆီချက်ဖြစ်ဖြစ်၊ ရှမ်းခေါက်ဆွဲဖြစ်ဖြစ် သွားစားတာပေါ့..ဟု ဖြေလိုက်သည်။

မီးပွိုင့်မိတော့ ...”အသားလှအောင် ဆေးလိပ်လျှော့သောက်ပါလား၊ နှုတ်ခမ်းတွေ မဲနေတာကလည်း ကြည့်မလှဘူး၊ သွားတွေကလည်း ကွမ်းစားတာများတော့ dracula လိုပဲ သွားတွေက နီနေတယ် ကြောက်စရာကြီး” ဟု လာပြောနေသေးတော့ အရာရာကပ်စေးနှဲပေမယ့် သူ့ အသားအရည်လှဖို့ စိုပြေဖို့ exercise လုပ် ငွေမနှမြောဘဲ အလှပြင် ပစ္စည်းတွေ၊ Lotion တွေ ဘယ်လောက်ဈေးကြီးကြီးဝယ်လူးပြီး မုန့်ဟင်းခါးတပွဲ ဝယ်စားဖို့ကျ အငတ်ခံပြီး မစားပဲ ချွေတာချင်ချွေတာသော သူမကို ပြန်ပြောချင်သော စကားများ မြိုချထားလိုက်ရသည်။ ဘာလို့ဆို ကိုယ်ကြိုက်တတ်သောအဆင်ချောချော ရှပ်အကျီ င်္ ချည်သားလေးတွေ၊ ပုဆိုး အကွက်စိတ်လေးတွေ မကြာခဏဝယ်ပေးတတ်တော့ အလှတရားကို တကယ်မြတ်နိုးလို့ ဟု သတိရမိလိုက်လို့ ဖြစ်သည်။

”ဒီည သူငယ်ချင်းတွေနဲ့ ချိန်းထားတယ် ..ဟိုကောင် အောင်လင်း ခဏပြန်ရောက်နေတယ်” စရုံရှိသေး။ အောင်လင်းဆိုတာ သူတောင် မမြင်ဘူးပဲနဲ့ ”လိုက်မယ် ရုံးအပြန်လာခေါ်နော် ၊ ကိုအောင်လင်းကို မမြင်ဖူးသေးဘူး၊ အကိုပြောပြောနေတော့ တွေ့ချင်နေတာ” ဟု ကတ်သီးကတ်သတ်တွေ လုပ်လာပြန်သည်။ ငါ သောက်မှာစိုးလို့ ဇာတ်လမ်းလာရိုက်နေပြီ ဆိုတာ သိရင်း သူ့ရုံးထိပ် မီးပွိုင့်ရောက်တော့ နားအေးအောင် "အေးအေး" ဟု ပြောလိုက်သည်။ ဒီလိုပဲ ညနေကျ လာမကြိုတော့ဘဲ မလိမ့်တပတ် သူမဘာသာ သူငယ်ချင်းတွေနဲ့ လမ်းလျှောက်ပြန်ရင် ဝိတ်ကျ၊ exercise ဖြစ်သားပဲ ဟု ခါတိုင်းလို ပတ်တီးရိုက်ဖို့ စိတ်ကူးထားပြီး ကြွပေဦးတော့ မယ်မင်းကြီးမ ဟု စိတ်ထဲမှာ ကြိတ်ပြောရင်း..ဆင်းခါနီး " ညနေလာကြိုဖြစ်အောင် လာနော်၊ စောင့်နေမယ် " ဟု အသနားခံသော မျက်လုံးဖြင့် သုံးခါလောက် ပြောပြီး ပြေးဆင်းသွားသည်။ နေ့ခင်း ထမင်းလာစားဦးနော် ဟု အော်သွားသေးသည်။

ဟေးဟေး..နှစ်ခုလုံး ဘယ်လိုနည်းနဲ့ ရှောင်ရပါ့ ဟု စဉ်းစားနေသော ကိုယ့် အကြံ ဒင်းမသိတာ ကံဆိုးရှာတဲ့ သူငယ်မ ဟု တွေးရင်း တစ်ယောက်တည်း စပ်ဖြဲဖြဲဖြစ်သွားသည်။

ညနေ..။
"အဲဒီအတိုင်းပဲ ညနေလာကြိုဆို ဘယ်တော့မှ မလာဘူး။ မလာနိုင်ဘူးဆို အစကတည်းက ပြောပါလား။ ခုတော့ အမြဲ ပတ်တီးရိုက်တယ်။ အဲလို လုပ်တာလောက် အမြင်ကပ်တာမရှိဘူး။ ယောက်ကျားဖြစ်ပြီး ကတိလည်း မတည်ဘူး။ စိတ်ရှိတိုင်းသာ ပြောရရင် ဒင်းတက်သွားမှာ မြင်ယောင်သေးတယ် " သူမ သည် သူငယ်ချင်းများနဲ့ အိမ်ကို လမ်းလျှောက်ပြန်ရင်း တစ်ယောက်တည်း စိတ်ထဲမှ ဝဝကို ရန်တွေ့နေမိသည်။ များပြီ..။ ဒီဝတုတ် အဲလို မလိမ့်တပတ်လုပ်တာ အတော်များပေပြီ။ ဘယ်ရမလဲကွယ်။ အိမ်ရောက်တာနဲ့ သူ့သူငယ်ချင်းအိမ်တွေကို သူ့ဂိတ်ကို ဖုန်းဆက်ပြီး ပြန်မလာ၊ လာအောင် ရစ်မှာ မသိဘူးလား..ဟု ညစ်ကျယ်ကျယ် တွေးလိုက်မိသည်။ ဒင်းကို လွှတ်ထားလို့ကတော့ စူဠလိပ် ရေထဲချသလို သန်းခေါင်ယံတိုင်သွားနိုင်သည်။

လမ်းလျှောက်ရင်း တဖြည်းဖြည်းနဲ့ လူစည်ကားသော မြို့လည်နားရောက်တော့ ဝဝ ဝယ်စားတတ်သော ထမင်းဆိုင်မြင်တော့..ဟိုတလောက ဘာချက်ရမလဲ မေးတော့ ကြိုက်တာချက်ပြောပြီး ချဉ်ရေဟင်းတခွက်ပဲ သူမကြိုက်တာ ပါတာကို ဇီဇာချဲ့လို့ မပြီးနိုင်ပဲ ဆိုင်က ကြာဇံဟင်းခါးဝယ်စားတော့ ပိုက်ဆံအပိုဖြုန်းတယ် ဟု သူမကဆိုတော့ မောင်နှမနှစ်ယောက် ရန်ထဖြစ်တာ သတိရသည်။

နောက်ပိုင်းတော့သူမပြောတာမှတ်ထားပြီး ဝယ်မစားတော့ပဲ သူစားချင်တာ အတိအကျပြောလို့ ချက်ခိုင်းပြီး ပိုက်ဆံ အပို ဖြုန်းတာ တဖြည်းဖြည်းနည်းလာတာ သတိရလာသည်။ လမ်းလျှောက်ရင်း နည်းနည်းကြာလာတော့ သူငယ်ချင်းတွေနဲ့ စကားလေးပြောလိုက် လမ်းတလျှောက် လမ်းဘေးဈေးဆိုင်လေးတွေက စားစရာတွေ ငမ်းလိုက်နှင့် လူတောင် လန်းလာသလိုမို့ တနေ့တနေ့ ကားပေါ်မှာပဲ ထိုင်ရင်း ကိုယ်လက်လှုပ်ရှားမှု နည်းလာသော အကို တဖြည်းဖြည်း ဝသထက်ဝလာတာ တွေးမိတော့ ဝိတ်ကျအောင် ညစာ ထမင်းလုံးဝမစားဖြစ်အောင် ဘယ်လို ဆွဲဆောင်ရရင် ကောင်းမလဲ ဟု ညဏ်နီညဏ်နက် ထုတ်နေမိသည်။

ဒီဖက်တီးဘုတ်ပွနဲ့ ခက်လှသည်။ အချဉ်တို့၊ ချဉ်ရေဟင်းတို့ကို ဖင်တွန့်အောင် ကြောက်တတ်သော ဒင်းကို ညဘက် ထမင်းလုံးဝမကျွေးပဲ ယောင်တို့ဖူး ဟု စင်ကာပူမှာ လူသိများသော အပြုတ်ဟင်းချိုမျိုး၊ သိပ်မချဉ်သော salad တခုခုလိုမျိုး ဒင်းစားချင်အောင် လုပ်နိုင်ရင် ပိန်နိုင်တယ်ဟု လမ်းစရလာသည်။ ကြည့်ကြသေးတာပေါ့ ဝဝရာ ဟုတွေးလိုက်မိသည်။

ဝသော သူ့ကို တခါ တခါ သူမက ဝဝ၊ ဖက်တီး ဟု ခေါ်တတ်သလို၊ နေရာတကာ သူများနှင့်မတူ အတွေးကြောင်တတ်သော၊ သူ့ဆို အလွန်ရစ်သော သူမကို သူက ဂေါက်သီး၊ ငရစ်၊ ချီးထုပ်၊ ကတုံး၊ အူကြောင်ကွေး စသဖြင့် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် နှိပ်ကွပ်နေကျဖြစ်သည်။

ကားလမ်းကူးဖို့ စောင့်နေရင်း ကားစုတ်ကို အိမ်ကဲ့သို့ TV တပ်၊ CD player တပ်၊ Aircon တပ်၊ ဆိုဖာတပ်၊ ဘုရားစင်သေးသေးလေးနဲ့ မီးဆလိုက်လေးတွေပါ ပူဇော်ထားပြီး ကားကို ဇနီးမယားကဲ့သို့ ယုယကြင်နာသော အကို့ ကို သတိရသွားတော့ ရီချင်သွားသည်။ အတော်ကလေးဆန်တဲ့ဟာ.. အဓိကနဲ့ သာမညကို မခွဲတတ်ဘူး..အကျိုးအမြတ်မတွက်ပဲ လုပ်ချင်ရာစွတ်လုပ်တဲ့ဟာပဲ ဟု..လူတတ်ကြီးလုပ်တွေးမိချိန်မှာ အဲဒါကိုပဲ စိတ်ပျက်ပေမယ့် ပြုံးချင်ချင်ဖြစ်နေတာ ကိုယ့်ဘာသာ သတိထားလိုက်မိသည်။ အင်း...တဖြည်းဖြည်းတော့ ဒင်းသိတတ်အောင် ချော့ပြောရဦးမယ် ဟု တေးထားလိုက်သည်။

ဒီလိုနဲ့ လျှောက်ရင်း အိမ်ဘက်ရောက်လာသည်။ အိမ်ကလေးက ထုံးစံအတိုင်း မှောင်နဲ့မည်းမည်း။ မီးတွေ လျှောက်ဖွင့်၊ အခန်းထဲဝင်ပြီး သူ့ပစ္စည်းတွေကြားမှာ..ဖုံးစာအုပ်ကို အရင်ရှာရသည်။ သူ့ဂိတ်နားကို ဆက်လိုက်တော့ ဒင်းကို တန်းမိသည်။ ကန်ထရိုက်တိုက် အမြင့်မှာ နေတာဆိုတော့ ဝဝ စိတ်ပူတတ်သော ရေစက်ကို အကြောင်းပြရသည်။ ”ရေစက်က ဘာဖြစ်လဲ မသိဘူး၊ ရေတင်တာ မတက်ဘူး။ ၇နာရီဆိုတော့ လမ်းထိပ်က ရေပိုက်ဆိုင် မပိတ်လောက်သေးဘူး။ ပြန်လာခဲ့ပါလား” နည်းနည်းတွေသွားပုံရသည်။ ဒါနဲ့ ဆက်ပြီး ဆိတ်သားဟင်းချက်ထားမယ်နော်။ တရုတ်ကန်စွန်းရွက်တွေလည်း ဝယ်ခဲ့တယ်။ အကို့အကြိုက် ဆီအိအိနဲ့ အရွက်လေးတွေချည်းပဲ ကြော်ထားပေးမယ်။ စောစော ပြန်လာခဲ့ပါလား။ ဒီည ရေမတက်ရင် ဒုက္ခ၊ မနက်သုံးဖို့ ရေ ရှိတော့မှာ မဟုတ်ဘူး ” သနားစရာကောင်းအောင် ညှောင်နာနာအသံ ပိစိ နှင့်ပြောတော့ သနားတတ်သော အကို သည် ”အေး အေး..ငါပြန်လာခဲ့မယ်” ဖြစ်သွားသည်။

ဟီ..ဟိ..ပျော်လိုက်တာ..။ ဒင်းပြန်လာရင် စိတ်ဆိုးအောင် မီးပျက်သွားရင် ကောင်းမယ်။ မီးပျက်ရင် တကယ်မပျက်သော မူလကျီသွန်နီ ရေစက်ကိစ္စ ရှင်းစရာ မလိုသလို သူမ ဟင်းချက်စရာလည်း မလိုတော့ပေ။ ”ဟာ..မီးတွေပျက်နေတယ်..။မီးမွှေးရတာ စိတ်မရှည်ပါဘူး ဝဝရာ။ မီးမွှေးပေးပါလား” ဟု ပြောလျှင် စိတ်တိုပြီး ပွစိပွစိ လုပ်မှာ မြေကြီးလက်ခတ်မလွဲပေမယ့် ဗိုက်မဆာသေးလျှင် မီးဝိုင်းမွှေးပေးပြီး ဟင်းရွက်ပါ ဝိုင်းသင်ပေးလိမ့်မည်။ ဗိုက်ဆာနေလျှင်တော့ သူမပါ စားရအောင် တခုခုသွားဝယ်ပေလိမ့်မည်။

ကိုယ့်အတွေးနဲ့ ကိုတော့ ဟုတ်နေရင်း ဖုံးစာအုပ်ထားဖို့ ပြန်ဝင်လာတော့ သူ့အခန်းထဲမှာ ကားပစ္စည်းပေါင်းစုံ၊ speakers တွေနဲ့ တိုတိုမွမွ ပစ္စည်းပေါင်းစုံအပြင် TV နဲ့ အောက်စက်တစုံမြင်တော့ ဒီ electronics ပစ္စည်းအပိုတွေ အားလုံးရောင်းပြီး ဘုရားစင်က စကတည်းက အသစ်မဝယ်ခဲ့တာမို့ ဝယ်ချင်လိုက်တာ၊ ဒင်းကို ဘယ်လိုပြောရင် ရနိုင်မလဲ တွေးကာ ခေါင်းခြောက်သွားသည်။ ဒါတော့ ရမယ်မထင်..။ နှမလက်လျှော့နေပေတော့ ဟု သိပ်သေချာနေတော့ ဒီမှာပဲ အဆုံးသတ်သွားသည်။

မီးက ဒီညပျက်မယ့် အရိပ်အယောင် မရှိတော့ ကိုယ့်စကားနဲ့ ကို ဝဝ ပြန်လာရင် စားကောင်းအောင် သူမ ဟင်းစချက်နေမိသည်။ သူကလည်း ကမန်းကတန်းပြန်အလာမှာ..အိမ်က ငရစ်ကြိုက်လောက်မည်ထင်သော english movie တခွေဝင်ငှားနေလေသည်။

”အောက်တိုဘာလနေ့တနေ့တွင် မွေးဖွားခဲ့သော ချစ်သော အကို အတွက် မွေးနေ့ အမှတ်တရ။”

Saturday, October 25, 2008

Eunos Monastery Donation

ဒီနေ့ ကျွန်မတို့သူငယ်ချင်းတွေ တစ်လတခါ OR တစ်လခွဲတခါ စုပြီး တနေရာရာသွားလည်ရင်လည် ဒါမှမဟုတ် စုပြီး barbecue လုပ်ရင်လုပ် ဒါမှမဟုတ် စင်ကာပူကဘုန်းကြီးကျောင်းတွေကို အလှ့ည်ကျ
သွားလှူရင်လှူ လုပ်နေကျအတိုင်း Eunos Monastery မှာ ဆွမ်းကျွေးဖို့ ရက်ယူထားတာ အကြောင်းအမျိုးမျိုးကြောင့် ဆွမ်းမကပ်ဖြစ်ခဲ့ပေမယ့် ငွေသားအလှူ ၆၇၀ နဲ့ သင်္ကန်းတစုံ စုပေါင်းလှူခဲ့ကြ ပါတယ်။

ဒီနေ့ နေ့လည်စာအလှူရှင်ရှိတဲ့ အတွက် အလှူရှင်တွေကို ဝိုင်းကူရင်း သက်သက်လွတ်ဒန်ပေါက်၊ ဆိတ်သားနဲ့ အတော်တူတဲ့ အသားတုဟင်း၊ ပုဇွန်ပိစိညှောက်တောက်လေးတွေကို ငရုတ်သီးနဲ့
စပ်စပ်ကြော်ထားတာရယ်၊ သခွားသီး အချဉ်ရယ်၊ ချဉ်ပေါင်ဟင်းချိုရယ် ၊ လက်ဖက်အကြော်စုံ၊ ကီဝီကျောက်ကျော၊ ဆနွင်းမကင်း၊ ရှောက်ချိုသီး အချိုပွဲများကို ဝါးတီးဆွဲပြီး အခမဲ့အားပေးခဲ့ကြောင်းပါ :-)

ဓာတ်ပုံမရိုက်ခဲ့ရလို့ သာဓုခေါ်လို့ရအောင် စာချည်းပဲတင်လိုက်ပါတယ်။ Eunos Monastery ကျောင်းက 11၊ teo kim ang road မှာပါ။

ကထိန်ပွဲကို နိုဝင်ဘာ ၉ရက် ကျောင်းရဲ့ နေရာအသစ် (Eunos Area ထဲမှာပါပဲ) မှာလုပ်မယ်လို့ ဆရာတော်က ပြောလိုက်ပါတယ်။ လိပ်စာအသစ်ပါတဲ့ ဖိတ်စာကို မယူလာခဲ့မိလို့ နောက်မှ ထပ်ဖြည့်ရေးပါ့မယ်။

Thursday, October 23, 2008

Myanmar Ebooks URL

ဒီညသူငယ်ချင်းဘုတ်ဘုတ်ဆီက မြန်မာ Ebooks URL email လာလို့ ကိုယ်ဖတ်ချင်ရင် ပြန်ဖတ်လို့ ရအောင် နဲ့ မသိသေးတဲ့ blog readers တွေ အားတဲ့အခါ ဖတ်ချင်ရင် ဖတ်လို့ရအောင်...
Myanmar Ebooks

Tuesday, October 21, 2008

စာနာစိတ်

နောက်ကျတယ်ဆိုတာ..မရှိဘူး
ဘယ်တော့မှလဲ..ဒိတ်မအောက်ဘူး။
ဆင်ယင်လိုက်တာနဲ့
ကြည့်လို့မဝဘူးတဲ့
အဲဒါ...။

1:25PM
21st Oct'2008

Saturday, October 18, 2008

ဒီလိုညများ

ငါမြင်နေရတဲ့..
ဒီမြက်ခင်းစိမ်းစိမ်းတွေရဲ့ ဟိုဘက်မှာ
ဘာတွေရှိမလဲ
ငါ..မသိချင်တော့ဘူး။

ခပ်လှမ်းလှမ်းကားလမ်းမပေါ်က
ကားတစီးချင်းစီရဲ့ နောက်ဆုံးဦးတည်ရာဟာ
ဘယ်နေရာလဲ
ငါ..မစူးစမ်းချင်တော့ဘူး။

ငါကိုယ်တိုင်ကော..
မောင်းနှင်ခံနေရတဲ့..ကားတစီးလား
ကိုယ်တိုင်ပဲ ကားမောင်းနေတာလား
ငါ..မခွဲခြားတတ်တော့ဘူး။

မည်းမှောင်နေတဲ့ ကောင်းကင်မှာ
ပျောက်ဆုံးသွားတဲ့ ကြယ်စင်တွေ
မပျော်ရွှင်တော့တာ...
ငါ..အဖြေရှာမကြည့်ချင်တော့ဘူး။

ဖြိုးဖျမှုန်ရီ
ဒီနီယွန်မီးရောင်တွေအောက်မှာ
အိပ်မောကျနေတဲ့ ကားလေးတွေရယ်
ကျောက်ရုပ်သစ်ပင်တွေရယ်
ခွေးကျောင်းနေဆဲ..လူတချို့ရယ်
စာသင်နေဆဲ..တိုက်အောက်က ဆယ်ကျော်သက်ကလေးတွေရယ်
တိတ်ဆိတ်ညင်သာစွာနဲ့
အဖော်လုပ်ပေးနေတဲ့ လေညှင်းကလေးရယ်နဲ့...

စကားတွေပြောဖို့လဲ စိတ်မပါ
နားထောင်ဖို့ရာလဲ အားအင်ကုန်ခမ်းတဲ့အခါ
ဒီလိုပဲ..တစ်ယောက်တည်း
ကျောက်စက်ခုံမှာ ထိုင်ရင်း
စိတ်တွေလန်းဆန်းဖို့
အေးမြတဲ့ လေကို ရှုရှိုက်လို့
ရချင်တာ အကုန်လုံး
အဝေးဆုံးကို လွှင့်ပစ်လိုက်တဲ့အခါ
အဲဒီခဏတော့..
ငါ..ပေါ့ပါးသွားခဲ့တယ်။

12:54 AM
18th Oct' 2008

Tuesday, September 30, 2008

ပထမဆုံး ပုံရိပ်များ

ကလေးတယောက်ရဲ့ မိဘနဲ့ ငယ်စဉ်ကတည်းက ခွဲနေရတဲ့ ဆိုးကျိုး ကောင်းကျိုးတချို့ခပ်ပါးပါးပါအောင်လို့ မှတ်မိသလောက် ပထမဆုံးတွေကို wesheme က ကို Andy တက်ထားလို့ ရေးလိုက်ပါတယ်။

သိတတ်တဲ့ အရွယ်ရောက်တော့ ဖေဖေ တာဝန်ကျတဲ့ ဖြူးမြို့မှာ ကျွန်မနေနေပြီ။ ပထမဆုံးသူငယ်ချင်းက ဘုတ်အိ၊ဘုတ်ဆုံတို့ရဲ့ ညီမလေး..ကြည်ကြည်လှိုင်တဲ့။ တကယ်က သူ့ကို လုံးဝမမှတ်မိတော့ဘူး။ ပထမဆုံးသူငယ်ချင်းဆိုလို့ မေမေပြောပြဖူးတာကို သတိရပြီး ရေးလိုက်တာပါ။ ကျောင်းတက်တော့လဲ ဖြူးမြို့က ကျောင်းမှာပဲ စတက်တယ်။ ပထမဆုံးဆရာကတော့..ဦးဥာဏ်...ဆရာ့နောက်ကနာမည် မမှတ်မိတော့ဘူး။ ဆရာက သဘောကောင်းတာတော့ မှတ်မိတယ်။ ကျောင်းသွားရင် ရှိသမျှအိုးပိစိ ခွက်ပိစိ၊ မီးဖိုပိစိလေးတွေ အားလုံးလွယ်အိတ်ထဲထည့်သွားတယ်။ ကျောင်းရောက်တာနဲ့ ခုံအောက်ဝင်ပြီး အဲဒါတွေ အကုန်ခင်းပြီး ဟင်းချက်တမ်းဈေးရောင်းတမ်းဆော့တယ်။ ဆရာက တော်တော်နဲ့ မသိဘူး။ကလေးတွေကများတာကိုး။ ပြီး ကျွန်မက ခုံအောက်မှာ လူတကိုယ်လုံးဝင်ဆော့နေတာဆိုတော့ မရိပ်မိရှာပါဘူး။ နောက် သိသွားတော့လည်း ကျွန်မကို မရိုက်ပါဘူး။ ဒါပေမယ့် မေမေတို့ကို တိုင်တာနဲ့ အဲဒါတွေ မယူသွားရတော့ဘူး။ အဲဒီကျောင်းမှာ ၁လလား၂လားမသိဘူး။ခဏပဲ နေခဲ့ရတယ်။ အဲဒါအပြင် ဖြူးမှာ နေရင် ဖေဖေမေမေအလိုလိုက်ပုံနဲ့ ကျွန်မပညာရေးကောင်းမှာ မဟုတ်ဘူးဆိုပြီး ရန်ကုန်က အဖိုးအဖွားအိမ်ကို ပို့ခံရတယ်လေ။

ရန်ကုန်ရောက်တော့ ပုဇွန်တောင် အမက(၈)မှာ နေတယ်။ ကျောင်းအပ်တုန်းက အရမ်းငိုတယ်။ အိမ်ကလူတွေ ပြန်ရင် ပြေးလိုက်တယ်။ နောက်တော့ ကျွန်မထက် ပိုပြင်းပြင်းထန်ထန်ငိုတဲ့ သူ့အမေပြန်တာနဲ့ အတင်းအော်ဟစ်ငြင်းဆန်ပြီး ငိုပြီးပြေးပြေးလိုက်သွားတဲ့ ကောင်မလေးကို မြင်ပြီး ကိုယ့်ဘာသာကို ငိုဖို့မေ့သွားတယ်။ သူငိုတာမြင်ပြီး ကျွန်မက မငိုဖြစ်တော့ဘူး။ အဲဒီသူငယ်ချင်းက အေးစန္ဒာညွန့်ပါ။ အထက်တန်းကျောင်းမှာလဲ ပြန်တူပါတယ်။ ငယ်ငယ်က အရမ်းကို ကျောင်းကြောက်ခဲ့တဲ့သူမဟာ ဆေးကျောင်းရောက်ပြီး ဆရာဝန်ဖြစ်သွားတယ်။ ပထမဆုံး သူငယ်ချင်းယောက်ကျားလေးနှစ်ယောက်က စိုးသန်းထွန်းနဲ့ မျိုးမြင့်သန်း။ လေးတန်းမှာ ကျူရှင်တူတူယူနေလို့ ခင်သွားတယ်။ သူတို့နှစ်ယောက်ကတော့ ပညာရေးဘက် ဆက်မလိုက်ဖြစ်ဘူးထင်ရဲ့။ ခုတော့ သူတို့အားလုံးလဲ ရန်ကုန်မှာပဲလား တခြားနိုင်ငံတခုခုမှာလား မပြောတတ်ပါဘူး။

ကျွန်မဒေါ်လေးက စာဖတ်ဝါသနာပါတယ်။ သူဝယ်ပေးတဲ့ ရွှေသွေးတေဇတို့က ပထမဆုံးဖတ်ဖူးတဲ့ ကာတွန်းဂျာနယ်တွေပါပဲ။ ဒုတိယတန်းရောက်တော့ အရမ်းဆော့တဲ့ ကျွန်မ ရေနွေးပူလောင်ပြီး ငြိမ်ငြိမ်လေးနေရလို့ စာပဲဖတ်နေရတော့ ဒုတိယရပါတယ်။ ပထမဆုံး ဆုရဖူးခြင်းပါ။ ပထမ၊တတိယရတဲ့ သူငယ်ချင်းတွေ ဘယ်သူတွေလဲဆိုတာ မမှတ်မိတော့ပါဘူး။ တတိယတန်းလောက်မှာ ခိုးတယ်ဆိုရမယ့် ပထမဆုံးမကောင်းမှု ၂ခါ၃ခါလောက် လုပ်ခဲ့ဖူးတယ်။ အဖွားဝယ်ခိုင်းတဲ့ ဆီဝယ်ရင်း ကုန်စုံဆိုင်ပိုင်ရှင်က ဆိုင်အမြင့်ကြီးပေါ်မှာထိုင်တာဆိုတော့ သူမမြင်နိုင်တဲ့ အောက်က ဆာလာအိတ်အပြည့်ခင်းထားတဲ့ ကြံသကာတွေထဲက တခုနှစ်ခုလောက် ဆိုင်ရှင် မသိအောင် တွမ်လာတာပါ။ နောက်တော့ အဲလိုယူစားနေရင်း ခိုးတဲ့သူဟာနောက်ဘဝကျ သူတပါးအိမ်မှာ အိမ်စေပြန်လုပ်ရတယ်လို့ အိမ်ကသင်ထားတာ စိတ်မှာ အမှတ်ရလာတော့ မလုပ်ဖြစ်တော့ဘူး။ အဲဒီ ၂ခါ၃ခါ အတွက် ခုထိ စိတ်ထဲလေးနေတုန်းပါ။ USက ပြန်ရောက်တော့ ဆိုင်ရှင်ဆီ သွားပြီး ကြံသကာဖိုးပြန်ပေးဖို့ စိတ်ကူးနဲ့ပဲ ကြိုးစားခဲ့မိတယ်။ ဒီတခေါက် အိမ်ပြန်ဖြစ်ရင်တော့ သွားပေးဖြစ်အောင်ပေးမယ်၊ နည်းနည်းတော့ ကြောင်တက်တက်နိုင်ပေမယ့် မတတ်နိုင်ပါဘူး။ ခိုးစားခဲ့မိတာကိုး။မဟုတ်ရင် ကျွန်မသေခါနီးမှာ ခုထိစိတ်စွဲနေတဲ့ ဒီမကောင်းမှုက လေးလံစေမယ်ထင်ရဲ့။

လေးတန်းအောင်တော့ ဗိုလ်တထောင် ၅ အထက်တန်းကျောင်းကို ပြောင်းတယ်။ ငါးတန်းမှာ ဒေါ်လေးဖတ်တဲ့ ဝတ္ထုတွေ စခိုးဖတ်တယ်။ အချစ် ဝတ္ထုတွေမို့ မဖတ်ရဘူးလို့ တားမြစ်ထားတဲ့ လမင်းမိုမိုရဲ့ လုံးချင်း ဝတ္ထုတစ်အုပ်ပါ။ ဝတ္ထုနာမည်ကော ဇာတ်လမ်းကော မမှတ်မိတော့ပါဘူး။ ခြောက်တန်းမှာ အိမ်ကို စလိမ်တတ်ပါပြီ။ ဒန်းစီးချင်လို့ ဒန်းရှိတဲ့ နုနုလှိုင်ဆိုတဲ့ သူငယ်ချင်းအိမ်ကို ကျူရှင်မတက်ခင် သွားသွားခေါ်ရင်း ဒန်းစီးဖို့ အိမ်ကစောထွက်ချင်လို့ လိမ်တာပါ။ မိသွားတော့ မသက်သာပါဘူး။ စိတ်ကြီးတဲ့ ဖွားဖွားက လူကြီးကို မလိမ့်တပတ်လိမ်ရပါ့မလားဆိုပြီး ကြိမ်လုံးကျိုးအောင် အရိုက်ခံရပါတယ်။ ဗြဲ...နောက်တော့..အရိုက်ခံရတာ မကြိုက်လို့ ဘယ်တော့မှ မလိမ်ဖြစ်တော့ဘူး။

ခုနှစ်တန်းမှာ ဆေးပေါ့လိပ်စသောက်ကြည့်မိတယ်။ အဖွားက ဆေးလိပ်သောက်တော့ သူသောက်ရအောင် မီးညှိခိုင်းတော့ ညှိပေးရင်းနဲ့ လိုက်သောက်ကြည့်တာပါ။ တလိပ်လုံး ကုန်အောင် ကြိုးစားသောက်ဖူးပေမယ့် မကြိုက်ဘူးကွယ်။ ကိုးတန်းရောက်တော့ အကိုနဲ့ နှစ်ယောက်တူတူပေါင်းပြီး ထူးအိမ်သင်ရဲ့ နာရီပေါ်ကမျက်ရည်စက်များ သီချင်းခွေ စဝယ်တယ်။ ဆယ်တန်းနှစ် ထန်းတပင်မြို့နယ်ပွဲမှာ ထူးအိမ်သင်နဲ့ ပေါက်ပေါက်ရဲ့ စုံတွဲ သီချင်းရယ် ဟေမာနေ၀င်းရဲ့ သီချင်းတစ်ပုဒ်ရယ် စင်ပေါ်မှာ စဆိုဖူးပါတယ်။ TV မှာ ပထမဆုံးလွှင့်ခွင့်ရတဲ့ ကျွန်မသီချင်းက မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုတဲ့ ရှေးဟောင်းသီချင်းပါ။ ငယ်တုန်းဆိုတော့ ကိုယ့်ဝါသနာဟာ ကိုယ်နဲ့ ဖြစ်နိုင်ဧ။် မဖြစ်နိုင်ဧ။် ကျွန်မ မတွေးတတ်ပါဘူး။ဒီလိုပဲ လုပ်ချင်ရာလုပ်ခဲ့တာ..။ နောက်တော့ သီချင်းသွင်းဖို့ ပိုက်ဆံ မရှိတော့လို့..ရပ်သွားတယ်။

ကျွန်မအသက် ၁၇နှစ်မှာ ကလေးတွေကို guideလုပ်တာ သင်္ချာကျူရှင်ဝိုင်းသင်တာ လာငှားတဲ့ဟာ လိုက်သင်တယ်။ ပထမဆုံးတပည့်လေးက ဇော်မျိုးမြင့်တဲ့။ သူ့ကိုငါးတန်းမှာ guide လုပ်ခ တလ ၅၀၀ စရတယ်။ ကလေးတွေ စာသင်လို့ရတဲ့ ပိုက်ဆံနဲ့ ကိုယ့်ဘာသာ ကျောင်းစရိတ် ရသလောက် ရှာရတာ ပျော်တယ်။ ကလေးတွေကို စာသင်ရတဲ့ အတွက် ကလေးတွေ နည်းနည်းလောက်ဖြစ်ဖြစ် လေးစားအားကျတဲ့သူ ဖြစ်သင့်တယ်လို့ စိတ်ထဲ ဖြစ်လာတယ်။ အရင်ကထက်စာရင် ပိုလိမ္မာလာတယ်။ မိဘကိုလည်း ကူညီချင်စိတ်တွေ ပိုများလာတယ်။ မိသားစုကို ကလန်ကဆန်နဲ့ ဆန့်ကျင်ချင်စိတ်ဆိုတာတွေ လုံးဝပျောက်သွားခဲ့တယ်။ တက္ကသိုလ်စတက်တဲ့အခါမှာလည်း စာကို အလေးအနက်ထား ကြိုးစားဖြစ်ခဲ့တယ်။ ဒါကြောင့် ပထမနှစ်၊ ဒုတိယနှစ် နှစ်နှစ်ဆက်တိုက် ကျွန်မတက်ခဲ့တဲ့ မေဂျာမှာ ပထမဆုံး ပထမဆု ရခဲ့တယ်။ ကြိုးစားရဲ့သားနဲ့ ထာဝစဉ် ညံ့ခဲ့တဲ့ အင်္ဂလိပ်စာတောင် ပထမနှစ် ဂုဏ်ထူးတန်းမှာ D ထွက်ခဲ့ပါတယ်။ အတန်းထဲမှာ အသင်အပြကောင်းလှတဲ့ ဆရာဦးဦးလွင်ဆိုတဲ့ ဆရာ့ကျေးဇူးပါ။ အင်္ဂလိပ်စာ တော်ချင်တဲ့ စိတ်ဟာ သီချင်းဆိုချင်တဲ့ဝါသနာလို မဟုတ်ပဲ ဘယ်အရွယ် ဘယ်အနေအထားမှာမဆို လုပ်လို့ အဆင်ပြေတဲ့အတွက် ကျွန်မရဲ့ ထာဝရအိမ်မက်တစ်ခုပါ။ (ခုထိတော့ ငုပ်လိုက် ပေါ်လိုက် မအားလိုက် ပျင်းလိုက် ဖြစ်နေတုန်း)။ ပြောခဲ့သလိုပဲ ဝင်ငွေရတဲ့အပြင် ဆရာမလုပ်ခဲ့တဲ့ နောက်ဆက်တွဲ ကောင်းကျိုးတွေက ကျွန်မအတွက်တော့ အလွန်များပါတယ်။ ပထမဆုံးတပည့်လေး ကျွန်မဆီမှာ စာသင်ရအောင် ချိတ်ဆက်ပေးခဲ့တဲ့ သူငယ်ချင်း နန်ဒါကြီး ရဲ့ ကျေးဇူးပါပဲ။ သူ့ရဲ့ မိဘအပေါ် အလွန်သိတတ်မှုတွေဟာ မိဘကို ဂျစ်တိုက်ပြီး ဆိုးချင်တဲ့ ကျွန်မအတွက် အားကျ အတုယူပြီး ပြောင်းလဲသွားအောင် စေ့ဆော်နိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်က အရေးအကြီးဆုံးဆိုပေမယ့် အရွယ်သုံးပါးစလုံးမှာ အပေါင်းအသင်းက အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ အနည်းဆုံး ပတ်ဝန်းကျင်ကို စူးစမ်းပြီး အတုယူတတ်တဲ့ ကျွန်မလို အကျင့်ရှိတဲ့သူတွေ သတိထားတာ မမှားဘူး ထင်တယ်။ ပထမဆုံးအလုပ်ပြုတ်တာကတော့ စစချင်း လခစားဝင်လုပ်တဲ့ computer ကုမ္ပဏီမှာ။ အင်း..ရှက်စရာကြီး လို့ မကြာခဏပြန်တွေးဖူးပါတယ်။ assignment တွေရေးတာ နှေးလွန်းလို့ဆိုပြီး အဖြုတ်ခံရတာပါ။ ပြုတ်ပြီး ၄လအကြာမှာပဲ အဲဒီကို အလုပ်ကို ပြန်ဝင်ခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ အဲဒီမှာပဲ ခြောက်နှစ်ကျော်ကြာအောင် လုပ်ခဲ့တယ်။

ပထမဆုံးနိုင်ငံခြားခရီးက US ကို ANA ဆိုတဲ့ ဂျပန်လေကြောင်းလိုင်းစီးပြီး ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်မှာ သွားခဲ့တယ်။ ကဗျာတွေကို သူ့ website မှာ ပထမဆုံးတင်ပေးတာက အလုပ်ထဲရောက်မှ စခင်တဲ့ သူငယ်ချင်းပါ။ ခိုနားရာဆိုတဲ့ သူငယ်ချင်းရဲ့ site မှာ ကဗျာတွေ အများကြီးရေးခဲ့တယ်။ site ရဲ့ ဆောင်ပုဒ်က စာကဗျာချစ်သူတို့ ခိုနားရာ တဲ့။ ဒီ အလင်းညီနာမည်နဲ့ပါပဲ။ ၂၀၀၁မှာထင်တယ်။ အရက်စသောက်ဖူးတာလဲ US မှာပဲ။ ဘာအရက်လဲတော့ မမှတ်မိတော့ဘူး။ မူးရင် ရစ်တယ်လို့ သူငယ်ချင်းတွေက ပြောတာပဲ။ နောက်တော့ အရက်သောက်ရင် တအားရီရတာ ပျော်လို့ သူငယ်ချင်းတွေ စုမိတိုင်း သောက်ဖို့ဆွယ်ရင် တခွက်တဖလားပဲ ဖြစ်ဖြစ် စိတ်ပါရင် ထိုးအန်ပြီး အိပ်ပျော်သွားတဲ့အထိ မဟားဒရားပဲဖြစ်ဖြစ် မော့တတ်လာတယ်။ ခုတော့ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် အရက်မသောက်တော့ဘူး။ မသောက်ချင်တော့လို့ ဘယ်လောက်ပဲ အခြေအနေပေးပေး ငြင်းဖို့ အားလဲမနာ စိတ်လဲမာတယ်။ ငါးပါးသီလကို ချိုးဖောက်တာ ဘာမှ မလုပ်ချင်တော့ဘူး။ အသက်လဲကြီးလှပြီမို့ အကုသိုလ်နည်းအောင် အတတ်နိုင်ဆုံးနေပါတယ်။

တရားစခန်းစဝင်တဲ့ ရွှေမင်းဝံကျောင်းမှာ..ပထမဆုံးဆယ်ရက်ကျော်နေခဲ့ပါတယ်။ နောက်တနှစ်ကြာတော့ အဲဒီကျောင်းမှာပဲ ပထမဆုံးမယ်သီလရှင်အဖြစ် ၂ပတ် ထပ်ဝတ်ခဲ့တယ်။ လခစား အလုပ်မဝင်ခင် လုပ်ခဲ့တာပါ။ ရည်းစားထားဖို့တော့ ခုထိ စိတ်ကူးမရသေးဘူး။ နှစ်တန်းမှာ ဘာလို့ သူ့ရှေ့သွားတွေကြီးနေတာလဲ ဆိုပြီး အကို့သူငယ်ချင်းကို တွေ့ရင် လိုက်ငေးနေမိတယ်။ အကိုက ကျွန်မထက်နှစ်နှစ်ကြီးတော့ အဲဒီကောင်လေးက လေးတန်းပေါ့။ အတော်စောတဲ့ အရွယ်မှာ သွားကြီးတာကို စပ်စပ်စုစုတွေးပြီး လိုက်ငေးခဲ့ဖူးတာ မှတ်မိနေသေးတယ်။

အမ်...အားရပါးရလျှောက်ရေးတာ..အတော်တော့ ရှည်နေပြီ။ ကလေးဘဝ နည်းနည်းဆိုးသွမ်းရာကနေ သူငယ်ချင်းကောင်းတွေကြောင့် ကံကြောင့် အကောင်းဘက်ကို တဖြည်းဖြည်းပြောင်းလဲလာတာတဲ့ ကျွန်မရဲ့ ပထမဆုံးတွေကို..ရေးအပြီးမှာ ထပ် တက်ချင်ပေမယ့် ဘယ်သူတက်ရမှန်း မသိလို့ မတက်တော့ပါဘူး..။

Wednesday, September 24, 2008

Lemon Tree

I want to share a song that is easy to sing coz I am happy today :)

Fools Garden - Lemon Tree


I'm sitting here in the boring room
It's just another rainy Sunday afternoon
I'm wasting my time
I got nothing to do
I'm hanging around
I'm waiting for you
But nothing ever happens and I wonder

I'm driving around in my car
I'm driving too fast
I'm driving too far
I'd like to change my point of view
I feel so lonely
I'm waiting for you
But nothing ever happens and I wonder

I wonder how
I wonder why
Yesterday you told me 'bout the blue blue sky
And all that I can see is just a yellow lemon-tree
I'm turning my head up and down
I'm turning turning turning turning turning around
And all that I can see is just another lemon-tree

I'm sitting here
I miss the power
I'd like to go out taking a shower
But there's a heavy cloud inside my head
I feel so tired
Put myself into bed
Well, nothing ever happens and I wonder

Isolation is not good for me
Isolation I don't want to sit on the lemon-tree

I'm steppin' around in the desert of joy
Baby anyhow I'll get another toy
And everything will happen and you wonder

I wonder how
I wonder why
Yesterday you told me 'bout the blue blue sky
And all that I can see is just another lemon-tree
I'm turning my head up and down
I'm turning turning turning turning turning around
And all that I can see is just a yellow lemon-tree
And I wonder, wonder

I wonder how
I wonder why
Yesterday you told me 'bout the blue blue sky
And all that I can see, and all that I can see, and all that I can see
Is just a yellow lemon-tree

Read more..

Home

Chris Daughtry - Home

I'm staring out into the night,
Trying to hide the pain.
I'm going to the place where love
And feeling good don't ever cost a thing.
And the pain you feel's a different kind of pain.

Well I'm going home,
Back to the place where I belong,
And where your love has always been enough for me.
I'm not running from.
No, I think you got me all wrong.
I don't regret this life I chose for me.
But these places and these faces are getting old,
So I'm going home.
Well I'm going home.

The miles are getting longer, it seems,
The closer I get to you.
I've not always been the best man or friend for you.
But your love, it makes true.
And I don't know why.
You always seem to give me another try.

So I'm going home,
Back to the place where I belong,
And where your love has always been enough for me.
I'm not running from.
No, I think you got me all wrong.
I don't regret this life I chose for me.
But these places and these faces are getting old,

Be careful what you wish for,
'Cause you just might get it all.
You just might get it all,
And then some you don't want.
Be careful what you wish for,
'Cause you just might get it all.
You just might get it all, yeah.

Oh, well I'm going home,
Back to the place where I belong,
And where your love has always been enough for me.
I'm not running from.
No, I think you got me all wrong.
I don't regret this life I chose for me.
But these places and these faces are getting old.
I said these places and these faces are getting old,
So I'm going home.
I'm going home.

You had me from Hello

He is one of my favourite rockers since teenage.

Bon Jovi - You had me from Hello


At the mirror you fix your hair and put your makeup on
Youre insecure about what clothes to wear
I cant see nothing wrong

To me you look so beautiful when you cant make up your mind
Its half past eight, its getting late
Its ok, take your time

Standing here my hands in my pockets
Like I have a thousand times
Thinking back it took one breath
One word to change my life

[chorus:]
The first time I saw you it felt like coming home
If I never told you I just want you to know
You had me from hello

When we walk into a crowded room its like were all alone
Everybody tries to kidnap your attention
You just smile and steal the show

You come to me and take my hand
We start dancin slow
You put your lips up to my ear and whisper way down low

[chorus:]
From the first time I saw you it felt like coming home
If I never told you I just want you to know
You had me from hello

And when youre laying down beside me
I feel your heartbeat to remind me...

[chorus:]
The first time I saw you it felt like coming home
If I never told you I just want you to know
You had me from hello

From hello..
From hello..

Sunday, September 21, 2008

စက်ရုပ်

သူ အိမ်ကနေ အလုပ်လုပ်နေသည်မှာ ၃လကျော်သွားပြီဖြစ်သည်။သို့သော် ပြဿနာမရှိ။ သူ့လုပ်ဖော်ကိုင်ဖက်များကား သူ့လို ရံဖန်ရံခါမျှပင် ရုံးလာနိုင်သူများ မဟုတ်။ ရုံးတည်ရှိရာ state အတွင်းမှာတောင် နေသူများ မဟုတ်ကြ။ အပေါင်းအသင်း အလွန်မင်သော သူ့အတွက် ပျော်ရွှင်စရာ လုပ်ငန်းခွင် environment တစ်ခု၊ နွေးထွေးသော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတို့ကို တောင် ပိုင်ဆိုင်နိုင်ခွင့် မရတော့တာ ကံကြမ္မာရဲ့ အတိုင်းအဆမဲ့ ရက်စက်မှုလို့သာ ဆိုချင်သည်။

သူတို့ တွေ့ကြတာ တပတ်တခါ virtual room နှင့် conference call ပေါ်မှာ ၊ Quarterly Event အဖြစ် သုံးလတခါကျင်းပသော International visual conference call ပေါ်မှာသာ ၊ တနှစ်တခါ company ကလုပ်ပေးသော လူချင်းတွေ့ဆုံရသော Christmas ပွဲမှာ ဖြစ်သည်။ ဒါ E ခေတ်ကြီးမှာ အလုပ်လုပ်နေကြသော နိုင်ငံခြားထုံးစံပင်။ အဓိကက ပေးထားသော အလုပ်များကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးလျှင် Remote Access ပေးထားသော Server ပေါ် လှမ်းတင်လိုက်ရုံသာ ဖြစ်သည်။ နာရီဝက်တခါ auto schedule ဆွဲထားသော auto complier များက compile လုပ်ပြီး ၁၂နာရီ တခါဆွဲထားသော testing prgram များက အလိုအလျှောက် ပြန် testing လုပ်မည်ဖြစ်သည်။ testing program မှာ အတော်ကို Intelligent ဖြစ်သည့်အတွက် output ထွက်လာသော test result များကိုစစ်ပြီး သက်ဆိုင်ရာ developer ဆီ Error Category အလိုက် system ကို သိသာထင်ရှားအောင် ထိခိုက်သော error မျိုးမဟုတ်ပါက အီးမေးလ်ပို့တန်ပို့၊ ဆက်သုံးလို့ မရအောင် အလွန်ဆိုးဝါးသော error ဖြစ်လျှင် "Your system is unstable. Please check your error queue" ဟု ကြောက်မက်ဖွယ် အသံဆိုးကြီးဖြင့် အလိုအလျှောက် developer များ ဖုန်းသို့ တောက်လျှောက် call နေမည်ဖြစ်သည်။ သူ့ server ကို
connect မလုပ်မချင်း ဆက်တိုက် call နေသော ထို Phone Call သည် မပိတ်ရ ဟု အလုပ်စာချုပ်ချုပ်စဉ်က ပါပြီးဖြစ်သည်။ သူ့အဖို့တော့ ငှက်ဆိုးထိုးသံကြီးသာ ဖြစ်သည်။ ၂နာရီအတွင်း server ကို log in မ၀င်ပါက testing program ကို ရေးဆွဲသော SQA Engineer ကိုယ်တိုင် သူ့ကို ဆက်သွယ်ဖို့ ကြိုးစားမည်ဖြစ်မည်။

သြော်...ပိုက်ဆံ..ပိုက်ဆံ...
ငွေနောက်လိုက်မိလို့လား...တိုးတက်ချင်လို့လား... သူတကာထက် သာချင်သည့် အတ္တကြောင့်လား။ ဘယ်ဟာမှန်းတော့ မသိ။

အိမ်နှင့် အဝေးမှာ၊ သူငယ်ချင်းဆိုလို့ အနီးအနားမှာ လက်ညှိုးထိုးစရာ မရှိသော ဒီနိုင်ငံမှာ အလုပ်လုပ်ခွင့် ရအောင် ငါ ဘာလို့ ကြိုးစားမိပါလိမ့် လို့ တခါတခါတွေးကြည့်မိသည်။ အမိမြန်မာနိုင်ငံနှင့် အလွန်ဝေးသော အရပ်မှာ၊ မိဘနှစ်ပါးကို ခေါ်ထားဖို့ ခက်ခဲသော ဒီလိုနေရာမှာ၊ အမေ အသဲအသန် ဖြစ်လို့မှ အသက်မှီအောင် ပြန်ဖို့ မလွယ်ကူသော ဒီနေရာသည် သူတယောက်တည်းအတွက်တော့ အလွန် ကောင်းမွန်ပြည့်စုံသော နေရာ ဖြစ်ချင်ဖြစ်ပေမည်။

ရုံးသွားတာလည်းမတွေ့၊ သူငယ်ချင်းဆိုလို့လည်း ဘယ်သူမှ လာတာမမြင်ရ၊ တစ်ယောက်တည်း ဈေးသွား၊ လေ့ကျင့်ခန်းလုပ်၊ ချက်ပြုတ်စားသောက်၊ ကွန်ပျူတာတလုံးဖြင့် အလုပ်ရှုတ်၊ စာအုပ်တွေဖြင့် အဖော်ပြု၍ အရယ်အပြုံးလည်း နည်းလှသော သူ့ကို သူငှားနေသော အိမ်ပိုင်ရှင် အမေရိကန်အမျိုးသမီးကြီးက အံသြထူးဆန်းသလို အ၀င်အထွက် မြင်တိုင်း ကြည့်တတ်သလို တခါတော့ ဗြောင်ပင် ဖွင့်မေးဖူးလေသည်။ သူမှာလည်း တခြား လျှို့ဝှက်စရာ ဘာမှ မရှိသောကြောင့် အမှန်အတိုင်းပင် ရှင်းပြပြောထားခဲ့လည်း တအံ့တသြ အကြည့်တို့ကား ဆုံမိတိုင်း ရတတ်စမြဲ။ ဒီနိုင်ငံထဲမှာ အတူတူရှိသော်လည်း state မတူသောကြောင့် ဖုန်းဖြင့်သာ ရံဖန်ရံခါ ဆက်သွယ်ရသော သူငယ်ချင်း လင်မယားစုံတွဲတို့ကား သူတို့ဘာသာ လည်ပတ် ပျော်ရွှင်လျက် activity အပြည့်ဖြင့် မအားလပ်သလို ရှိသည်။ သောင်ပြင်မှာ လွှတ်သော ရွှေဟင်္သာလေးလို သူကား တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့ဟု ကိုယ့်ဘာသာ အားတင်းရင်း တစ်ယောက်တည်းနေ့ရက်များစွာကို ကျော်ဖြတ်ဆဲ ဖြစ်သည်။

သူ့ကို အားကိုးသော သူ့မိသားစုအတွက် သူ ရှင်သန်ရဆဲဖြစ်သည်။ ဒီဘက်နှစ်ပိုင်းတွင် ကျန်းမာရေး ချို့ယွင်းချင်လာသော မိဘတို့ကို အနီးကပ် ပြုစုသော သူ့မောင်နှမတို့ကား ရိုးအလွန်းသောကြောင့် သူ့မိဘတို့ medication အတွက် ၊ ရောဂါ အတွက် လိုအပ်သမျှကို သူ့ဘာသာသူ အင်တာနက်မှာ ရှာဖတ်၊ လေ့လာ၍ သင့်မသင့် ရောဂါ အတက်အဆုတ် ကို ခန့်မှန်းရ၊ ပူပန်ရ၊ သက်ပြင်းချရသည်။ အိမ်အတွက် လိုအပ်သော ငွေကြေးတို့ကို ပို့နိုင်တာ တစ်ခုပဲ သူစိတ်ချမ်းသာရသည်။ ဒါဆိုလည်း ပြန်ပါတော့လား၊ တခြား မြန်မာနိုင်ငံနှင့်နီးသော တိုင်းပြည်ကို ပြောင်းပါလားဆိုတော့ သူတကာ ဒီလို အခြေအနေရအောင် မက်မောလောက်သည့် နေရာတစ်ခုက ခွာဖို့ ခွန်အားမရှိသေးပြန်။ နောက်ဆုံးတော့ တစ်ခုခုလိုချင်ရင် တစ်ခုခုပေးဆပ်ရစမြဲဆိုသော လောကနိယာမအရ သူမက်မောသော၊ သူတကာလာချင်သော U.S.A ဆိုသော တိုင်းပြည်တွင် သူ...စက်ရုပ်တရုပ်လို ရှင်သန်နေဆဲ...။

Monday, September 08, 2008

Teardrops on my guitar

I have some words to write but as it should be in English, time is needed. So just sharing a song today, enjoy!



Taylor Swift - Teardrops on my guitar

Drew looks at me, I fake a smile so he won't see
That I want and I'm needing everything that we should be
I'll bet she's beautiful, that girl he talks about
And she's got everything that I have to live without

Drew talks to me, I laugh cause it's just so funny
That I can't even see anyone when he's with me
He says he's so in love, he's finally got it right,
I wonder if he knows he's all I think about at night

[Chorus:]

He's the reason for the teardrops on my guitar
The only thing that keeps me wishing on a wishing star
He's the song in the car I keep singing, don't know why I do

Drew walks by me, can he tell that I can't breathe?
And there he goes, so perfectly,
The kind of flawless I wish I could be
She'd better hold him tight, give him all her love
Look in those beautiful eyes and know she's lucky cause

[Repeat Chorus]

So I drive home alone, as I turn out the light
I'll put his picture down and maybe
Get some sleep tonight

He's the reason for the teardrops on my guitar
The only one who's got enough of me to break my heart
He's the song in the car I keep singing, don't know why I do
He's the time taken up, but there's never enough
And he's all that I need to fall into..

Drew looks at me, I fake a smile so he won't see.

Read more..

Saturday, September 06, 2008

ဘာတွေလုပ်နေမိပါလိမ့်...

အသက်အတော်ရလာတဲ့ ဒီဘက်နှစ်ပိုင်းမှာ ကျွန်မ အချိန်တွေကို အရမ်းနှမြောတတ်လာတယ်။ ဒါနဲ့ပဲ ဇရာအရရော လုပ်ငန်းအတွေ့အကြုံတွေကြောင့်ရော အချိန်တွေ အမှတ်တမဲ့နဲ့ပဲ အလိုလိုကုန်သွားတာမျိုး မဖြစ်အောင် ငါဘာလုပ်ချင်တာလဲ လို့ ခဏခဏ ကိုယ့်ဘာသာပြန်ပြန်မေးရပါတယ်။ ဒီအတိုင်းဆက်လုပ်ရင်ကော ငါလုပ်ချင်တာလေးတွေ တကယ်ကောဖြစ်လာမှာလား။ တခါတလေကျ ၀ါသနာအရ ရွေးချယ်ထားတဲ့ အခုလက်ရှိအလုပ်အမျိုးအစားကကော နောက်အသက်ကြီးလာတဲ့အထိ တကယ်အဆင်ပြေမှာလား စသဖြင့် လားပေါင်းများစွာဖြစ်ပါတယ်။ လမ်းမှန်ဟုတ်ရဲ့လား လို့ ပြန်ပြန်ကြည့်တာပါ။ ခုလောလောဆယ်တော့ ကိုယ့်ဘလော့ခ်လေးကို ပြန်ကြည့်မိတော့ English စာတိုးတက်အောင်ဆိုတဲ့ မူရင်းရည်ရွယ်ချက် အထမမြောက်ပါဘူး။ ဒီပို့စ်အပါအ၀င် ပို့စ် စုစုပေါင်း ၁၄ ပုဒ်မှာ အင်္ဂလိပ်လို ပို့စ် ၁၀ပုဒ်နဲ့ မြန်မာလို ပို့စ် ၄ပုဒ်မှာ တကယ်ကြိုးစားပမ်းစားရှာဖွေအားထုတ်ရေးတဲ့ ပို့စ်ရယ်လို့ မရှိဘူးဖြစ်နေတော့ ရှက်သွားမိပါတယ်။ ဟုတ်ပါတယ်...ကျွန်မ ဖြစ်ချင်နေတဲ့ English Post ကောင်းကောင်းလေးတွေ မဖြစ်လာသေးပါဘူး။ စာရေးချင်တာနဲ့ တခါတလေ စိတ်ကူးပေါက်တာနဲ့ စိတ်လေနေတာနဲ့ တောင်ရေးမြောက်ရေး လျှောက်လုပ်ထားတဲ့ ပို့စ်တွေချည်းပါ။ မတတ်နိုင်ပါဘူးကွယ်။ ရသလောက်ပေါ့နော။ တဖြည်းဖြည်းတော့ တက်လာမှာပေါ့လို့ ကိုယ့်ဘာသာအားပေးလိုက်တယ်။ အဟီး...အဲလိုပဲ တသက်လုံး ဗုန်းဗောလအော အချိန်ဖြုန်းလာခဲ့မိတာ ခုမှ အသိတရား နည်းနည်းဝင်သလိုလိုရှိတာ :)

စာရေးတာ အင်္ဂလိပ်လို ရေးဖို့ ကြိုးစားရင် အတော်စိတ်ပိန်တယ်။ စာလုံးတွေ ရှာမတွေ့လို့။ တကယ်က မေ့တတ်တော့ vocabulary အသစ်တွေကို အဓိပ္ပါယ် နှစ်ခါသုံးခါလောက်ကြည့်လဲ နောက်တခေါက်ဆို မမှတ်မိတော့ဘူး။ ပြန်ကြည့်ပဲ။ တခါတလေ Alzheimer ဖြစ်ချင်နေပြီလားလို့ ကိုယ့်ဘာသာ ရွဲ့ပြီးတွေးမိတဲ့ အထိ မေ့တတ်တယ်။ စာလုံးအသစ်တွေ့ရင် မမေ့အောင် အတော်များများ ကနေ့မှ စ ဘလော့ခ်မှာ တင်ရေးတော့မယ်။ ဒါဆို ပုဒ်ရေလဲပွား လာလည်တဲ့သူငယ်ချင်းတွေလဲ ဖတ်စရာများမပေါ့။

Monday, September 01, 2008

Nickname

ဘ၀တလျှောက် အရင်းနှီးဆုံးပေါင်းခဲ့သမျှ သူငယ်ချင်းတွေနဲ့ အလုပ်ထဲမှာ ဆုံခဲ့ဖူးတဲ့ တချို့လူတွေဟာ ဟာသဥာဏ်ရှိတော့ နာမည်ပြောင်လေးတွေ ဖြစ်လာတာ တနည်းတော့ ပျော်ရွှင်စရာ ကောင်းပါတယ်။ ဆယ်တန်းတုန်းက ပေါင်းတဲ့ သူငယ်ချင်းတွေရဲ့ နာမည်ပြောင်တွေက နန်ဒါကြီး(နာမည်ရင်းက ပါဠိ နာမည်ပါ)၊ ပိစိ၊ ရွှေရိုး(ပိန်လွန်းလို့)၊ အရှည်ကြီး၊ ပူစီ(နာမည်ရင်းက ကြောင်ခေါ်တဲ့ အသံထွက်နဲ့ဆင်လို့ပါ)၊ ဘန်ဘန်(ဒါက ဆေးကျောင်းရောက်သွားတဲ့ သူငယ်ချင်းတွေ လက်တွေ့ခန်းမှာ ဘာဆိုလားမသိဘူး လုပ်ရတဲ့အခါ English Term တစ်ခုက အဲဒီ သူငယ်ချင်းရဲ့ အကျင့်နဲ့တူလို့)၊ မော်ကြီး(မိန်းကလေးပါ။ သူ့ရဲ့နောက်ဆုံး နာမည်က မော်ပါလို့)၊ ငပြူး(သူ့မျက်စိက အကြီးကြီးမို့လို့..တကယ်ကမျက်လုံးလှတာပါ။ ဟီဟိ အဲဒါကို အဲလိုတမင် ရုပ်ဆိုးတဲ့ နာမည်ပြောင်ခေါ်ရတာ ပျော်စရာ ..သူက အဲလိုခေါ်လို့ လုံးဝစိတ်မဆိုးတဲ့သူလဲ ဖြစ်လို့ပါ)။

ရှားရှားပါးပါး အလွန်ဆော့တဲ့ တစ်ယောက်ရယ်(ဘယ်လောက်ဆော့သလဲဆို ရွှေတိဂုံဘုရားတက်တဲ့အခါ မိုးရွာပြီးတဲ့ အချိန်ဆို ရေအိုင်လေးတွေ ကျန်တာတွေ့တဲ့အခါ အဲဒီ ရေအိုင်လေးတွေ တွေ့တိုင်း တမင် ရေစင်အောင် အားနဲ့ ခြေချနင်းပြီး ဆော့သူပါ၊ ကျွန်မက သူ့နားကလျှောက်မိတော့ ရေစင်ပြီး ထမီရေစိုရင် ပျော်ပါတယ်။ သူ့အားကျပြီး ကျွန်မလဲ ရေအိုင်တွေ့ရင် အဲလိုပဲ လိုက်လုပ်တော့တာပဲ။ အဲတော့ နှစ်ယောက်လုံး ထမီ၊ စကတ် အောက်နားတွေ ရေစိုတော့ ကျေရော:) အေးဆေးတဲ့ တစ်ယောက်နဲ့ ချောချောလေးတစ်ယောက်ကိုတော့ နာမည်ပဲ ခေါ်ဖြစ်ခဲ့ကြတယ်။

ကျွန်မတို့ အုပ်စုထဲမှာ ယောက်ကျားလေးတစ်ယောက်မှ မပါပါဘူး။ ဒါပေမယ့် ကဗျာတို့ သီချင်းတို့ ၀ါသနာပါရာကနေ တတွဲတွဲ ဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်း ယောက်ကျားလေးနှစ်ယောက်ကိုတော့ တစ်ယောက်ကို small ၊ နောက်တစ်ယောက်ကိုတော့ ဓာတ်တိုင်(သူ့နာမည် က ကျယ်တိုက်-ကြိုက်တယ်လိုမျိုး နာမည်ရင်းကို ပြောင်းပြန်လှန်လိုက်ရင် ဓာတ်တိုင်နဲ့ သဘာဝနဲ့ တူနေလို့ပါ) သူ့ကို ကြည့်မရတဲ့အခါ ပုပြဲပြားတဲ့ အဲဒီအချိန်က အနည်းငယ် ၀ပြီးပုပြီးပြားတဲ့ ခန္ဓာနဲ့ တိုက်ရိုက်လိုက်အောင် ကွယ်ရာမှာ ခေါ်ပါတယ်။ နာမည်ပြောင် တော်တော်များများကတော့ နန်ဒါကြီးဆီက လာပါတယ်။ သူက အသေးအဖွဲက အစ အားလုံးကို ခုချိန်ထိ မှတ်မိတတ်တဲ့ သူငယ်ချင်းပါ။

မိန်းကလေးချင်းပဲ ဖြစ်ဖြစ် ယောက်ကျားလေးပဲဖြစ်ဖြစ် ဟေ့ကောင်လို့ ခေါ်တတ်တာ ကျွန်မတို့ အုပ်စုအကျင့်ပါပဲ။ အဲဒီ အကျင့်က ခုထိမပျောက်ပါဘူး။ နည်းနည်းရင်းနှီးလာပြီဆို ခုနောက်ပိုင်း ခင်တဲ့သူတွေကိုပါမကျန် ဟေ့ကောင်လို့ ခေါ်ပြီး ပြောတတ်တုန်းပါ။ အဲဒီ အတွက် အသစ်ခင်တဲ့ ခလေးတွေနဲ့ သူတို့ချစ်သူတွေကပါ ကျွန်မကို စိတ်မဆိုးတဲ့အပြင် ခေါ်လို့ကောင်းတယ်ဆိုပြီး သူတို့ အချင်းချင်းလဲ အဲလို ဟေ့ကောင်ဟေ့ကောင်လို့ ခေါ်ကြပါတယ်တဲ့။ ရေးတော့သာ ဟေ့ကောင်ပေမယ့် အပြင်မှာ ခေါ်တဲ့ အသံထွက်က ဟေ့ရောင်ဖြစ်လိုက် ဟေ့ကောင်ဖြစ်လိုက်ပါ။

အလုပ်ထဲရောက်တော့ နာမည်ပေးအရမ်းတော်တဲ့ အလုပ်ထဲက သူငယ်ချင်းတစ်ယောက်(စာသင်ပေးဖူးတဲ့ ဆရာလဲဖြစ်ပါတယ်)ဆီက နာမည်ပြောင်တွေ အများကြီး ကြားရပါတယ်။ အလုပ်ထဲမှာ လမ်းလျှောက်ရုံတင်မဟုတ်ပဲ ပြေးတတ်တဲ့ ကျွန်မကို သိမ်မွေ့မွေ့ဦးလို့ နာမည်ပေးလိုက်ပါတယ်။ ဦးကတော့ ကျွန်မရဲ့ တကယ့် last name မို့လို့ ထည့်လိုက်တာနဲ့ တူပါရဲ့။ အဲဒီနာမည်ကို စချင်တဲ့သူအားလုံးက လိုက်ခေါ်ကြတယ်ဗျား (:D)

တခြား အလုပ်ထဲမှာ ဆုံတဲ့ နိုင်ငံခြားသားတွေကိုလဲ အောင်ထွန်းလေး(တရုပ်မချစ်စရာ ပုပုသေးသေးမျက်နှာပြည့်ပြည့်နဲ့ ကလေးသရုပ်ဆောင် အောင်ထွန်းလေးနဲ့တူလို့)၊ တရုပ်မဆံပင်ကောက်ကောက်ကို ကေဂျာနူးတဲ့(တကယ်လဲ အဲဒီတရုပ်မ ရုပ်က ကေဂျာနူးနဲ့ ဆင်တယ်)။ နောက် team ထဲက ကုလားမတစ်ယောက်ကိုတော့ ရေငုပ်သဘောင်္တဲ့(ဘာလို့ခေါ်လဲတော့ မမှတ်မိပါဘူး)။ ကျွန်မတို့ထက် အသက်အနည်းငယ်ကြီးတဲ့ မမနှစ်ယောက်က နဲနဲလေးဝတာကိုတော့ G1၊G2 လို့ခေါ်တာမှတ်မိပါတယ်။ နောက် အင်္ဂလိပ်နာမည်က ရုတ်တရက်ကြည့်လိုက်ရင် မြန်မာအသံထွက်နဲ့ဆို ဂျီးဖတ်နဲ့ တူလို့ အသားဖြူဖြူ ယောက်ကျားလေးတစ်ယောက်ကလဲ ဦးဂျီးဖတ်ဖြစ်သွားပါတယ်။ အသားညိုညို အိုက်တင်ကောင်းကောင်းတစ်ယောက်က ကျော်ဟိန်းဖြစ်သွားပြီး ပါးချိုင့်လေးနဲ့ ချစ်စရာအလွန်ကောင်းတဲ့ တရုပ်မလေးက ရတနာခင်ဖြစ်သွားပါတယ်။ နောက်တခြား နာမည်ပြောင်အခေါ်ခံရတဲ့ သူတွေ ရှိဦးမယ်ထင်တာပဲ။ ကျွန်မ မမှတ်မိတော့ ထည့်မရေးတော့တာပါ။ ဘာပဲဖြစ်ဖြစ် အဲလိုနာမည်ပြောင်တွေက ရီစရာကောင်းတာတော့ အမှန်ပါပဲ (အခေါ်ခံရတဲ့ ကာယကံရှင်က အသည်းအသန် စိတ်မဆိုးပဲ ဟာသလို့ သဘောထားတဲ့အခါ ပျော်စရာလဲ တကယ်ကောင်းပါတယ်)။

အလုပ်ထဲရောက်ပြီးမှ အရမ်းခင်သွားတဲ့၊ နှစ်ပေါက်အောင် တူတူနေကြတဲ့ ကျွန်မတို့ သူငယ်ချင်းတွေကျတော့ ပိန်တာရိုး(ပိန်ညောင်၊ ငပိန် စသဖြင့်လဲ ခေါ်ကြပါတယ်)၊ င၀ါ(ဘုတ်ဆုံမ၊ ဘုတ်ဘုတ်၊ငဘုတ် စသဖြင့် သူ့ကို ခေါ်ကြပါတယ်၊ ဘုတ်အီးမလို့ ခေါ်ရင်တော့ သူစိတ်ဆိုးလို့ မခေါ်ပါဘူး :D)၊ သူတို့နှစ်ယောက်ကလဲ ကျွန်မကို မှန်ဂျောင်၊ ငမှန် လို့ခေါ်ကြပါတယ်။ အဲလိုခေါ်တဲ့အတွက် ကျွန်မတို့ အချင်းချင်း စိတ်မဆိုးတဲ့အပြင် မခေါ်တဲ့အခါကျမှသာ စိတ်ထဲ စိမ်းလိုက်တာ ဆိုပြီးဖြစ်ပါတယ်။ ကျွန်မ mobile မှာ နာမည်ရင်းနဲ့ သူ့ဖုန်းနံပါတ်ကို save ထားမိတာ င၀ါမြင်တော့ အဲလို save ရမလားဆိုပြီး သူ ကျွန်မ name ကို ဘယ်လို save ထားတယ်ဆိုပြီး ပြပါတယ်။ ဒါနဲ့ bote လို့ ပြောင်း save ထားလိုက်တော့ OK သွားတယ်။ :) အရင်က အရမ်းပိန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ငပိန်နဲ့မတူအောင် ဆိုပြီး ငဖောင်ရိုးလို့ ပေးထားတာ ခုတော့ ဒင်းက ၀လာတာ မဟားဒရားမို့ ငဖောင်ရိုးဖက်တီးလို့ ကြံကြံဖန်ဖန် နာမည်ပေးလိုက်ပါတယ်။ ငမွန်လို့လဲ ခေါ်ကြတယ်။ နောက်တစ်ယောက်ကတော့ ပူစီကနေ ငနီ ဖြစ်လာတဲ့ ဆယ်တန်းထဲက သူငယ်ချင်းပါ။ ကျွန်မတို့ အုပ်စုကို င အုပ်စုလို့ ပြောလို့ရမယ်ထင်ရဲ့။

ရန်ကုန်မှာ အိမ်ထောင်ကျပြီး ကျန်ရစ်ခဲ့တဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကိုတော့ဇာပျံလေး၊ ငဇာ လို့ စိတ်ပေါက်တဲ့ အခါခေါ်တယ်။ သူ့နာမည်ရင်းမှာ ဇာပါလို့။ နာမည်ပြောင်ခေါ်တာ မကြိုက်တဲ့သူငယ်ချင်းတွေကိုတော့ နားလည်စွာနဲ့ မခေါ်ပါဘူး။ ပြီးတော့ ခေါ်တဲ့နာမည်ပြောင်က သူများအားနည်းချက်တို့ မကောင်းတာတို့ကို နှိမ်ပြီး ခေါ်တာမဟုတ်ရင်တော့ ရင်းနှီးတာ မြန်ပြီး အတိတ်အကြောင်း သူငယ်ချင်းတွေဆုံလို့ ပြန်ပြန်ပြောကြတဲ့အခါ topic တစ်ခုအနေနဲ့ ပါပါလာတတ်တာ အမှန်ပါပဲ။ သူငယ်ချင်းတို့ စိတ်မဆိုးလောက်ကြဘူးလို့ မျှော်လင့်ပါတယ်။

Friday, August 29, 2008

Am I on the right track ?

Do you think it is essential to check in each step whether we are on the right track or not?

Yes,of course.

At certain points, it is necessary to analyze the status that whether we are on the right track or not for something that we develope or trying to make it happen. It may be software development or studying or taking medication or a diet program or cooking a special curry or anything else.

You know sometimes we put so much effort on what we focus but without analyzing, we cannot say that what we are doing now will be effective. Sometimes our effort may be wasteful :(

I got a remark earlier from my lead when I was working in Osaka, "To give her her due, she did her best but it did not meet my expectations". Yeah, it was bitter but it was the truth at that time.

One of my Myanmar friend, who helped me in debugging the program, explained me that you were hard-working but you know ..you did the same debugging again and again on the same place of source code that you already knew and saw the error which cannot pull you out from this situation without analyzing and changing.

Yeah, he was totally right. He has more experience than me and it lightened on the dark side of my knowledge.

I learnt that

1. Never be afraid of a change to test if it is still pending at the same situation.
2. Proceed to implement with your analysis and knowledge.
3. Don't hesitate to ask others who got more experience rather than you.
4. Not to be stubborn to take your team's advice and opinion but decide as your own.
5. Make a percentage of completion daily or weekly.
6. Taking a move now will help to get everybody's attention. So we all can help and solve it out in time.

I took it as a good lesson and try to analyze step by step whether it is the root cause or not whenever I face the issues. If I am sure this is not the cause for the problem, I don't seat on it further and move to the next to check.

I am still hard-working, but I'll never forget checking the status of all items on my plate. I assume that finding out about the issue in detail is very important. If I don't know how to solve it, I will look for a solution on the internet. Make sure that there is no other bad consequences because of my change. Else, I need to discuss with Team Lead. If I am doing without care, I look like the one who pouring water onto a plastic plant everyday with the hope of flowers blooming. But I am always the last to do the change till last minute because I am scared of the change. This habit faded away from me gradually after 2 years I worked alone at my current job as only one Myanmar.

Wednesday, August 27, 2008

Dream

Yeah, it is a dream...

In a beautiful scene
Everything was in purple
Only you were in middle

Blooming smiles on your face
Which kept me dumb at taste
How sweet were your smiles
You said, cos' you'd wrapped with mind.

Monday, August 25, 2008

အပျိုကြီး တကယ်လုပ်မှာလား

ဒီတပတ်တော့ စနေတနင်္ဂနွေ နှစ်ရက်လုံးသည် တနေကုန် သဲသဲမဲမဲရွာနေသော မိုးအောက်တွင် ၀မ်းနည်းသယောင် တိတ်ဆိတ်ခေါင်းငုံ့နေလေသည်။ တပတ်စာ ပိတ်ရက်တွင် လုပ်ရန်ကြံစည်ထားသမျှလည်း ကွဲလွဲစွာ ဖြစ်ပျက်သွားကြသောအခါ ရှားရှားပါးပါး အားရက်နှစ်ရက်ကို နှမြောစွာဖြင့် အစားထိုးလုပ်စရာ ရှာရပြန်သည်။အပြင်ထွက်ဖို့လည်း အဆင်မပြေ၊ ကြည့်စရာ စိတ်ကြိုက်ရုပ်ရှင်ကောင်းကောင်းလည်းရှာမတွေ့သောအခါ ချဖို့ ကြိုးစားနေသော အဆီပိုအသားပိုများကို မေ့ချင်ယောင်ဆောင်၍ အစားအသောက်ကို စိတ်ရှိလက်ရှိ ပြင်ဆင်စားသောက်မိသောအခါ ဘ၀ဆိုသည်မှာ ဒီလိုကျတော့လည်း နေပျော်သားဟု ခါတိုင်းကဲ့သို့ပင် ထင်မြင်မိပြန်သည်။

စာဖတ်ရတာ အလွန်ကြိုက်သော ကိုယ့်အဖို့ blog တွေ ဖတ်ရင်းနှင့်ပင် စိတ်ကူးပေါက်ရာ ရေးရန် ကိုယ်ပိုင် ဘလော့ခ် တခုကို ဘာရယ်မဟုတ် စမိပြန်တော့ တနင်္ဂနွေနေ့တွင် ဘာအကြောင်းရေးရပါ့ ဟု တနည်းတော့ စိတ်မအားမလပ်ဖြစ်ရသည်။ ငယ်ငယ်ကလို ရွှင်မြူးထူးစရာ အကြောင်းအရာလည်း ရှာမတွေ့၊ ကိုယ့်ထက် အတန်ငယ်သော အချစ်ဆုံး သူငယ်ချင်းမလေးတောင် အိမ်ထောင်ကျ၍ အိမ်မှုကိစ္စ အိမ်ထောင်ကိစ္စများဖြင့် မအားမလပ်ဖြစ်နေသောအခါ သူ့သတိရတိုင်းလည်း နှောင့်ယှက်ဖို့ရာ မ၀ံ့မရဲဖြစ်ကာ ရွယ်တူအခြေအနေတူသူငယ်ချင်းနှင့်ကျ အကြိုက် ၀ါသနာ အတန်ကွဲခါ ဘ၀သည် အထီးကျန်လှချည့်တော့ တခါတခါ ဖြစ်မိလေသည်။

မိဘနှစ်ပါး မကြာခဏတိုက်တွန်းသော အသက်မကြီးခင်ဆိုသော၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဌာနအကြီးအကဲတို့ သတိပေးသော Later your life will get lonely when your friends will also get married ဆိုသော စကားများကို သတိရမိငြား အိပ်ပျော်နေသော ကိုယ့်ဖူးစာရေးနတ်ကို နှိုးဖို့ရာ ကိုယ်ကိုယ်တိုင်ကလည်း စိတ်မသန်လှပေ။ အလုပ်ထဲရောက်မှသိသော်ငြား ကိုယ့်ဆို ရင်းနှီးလွယ်သော သူငယ်ချင်း တချို့ကလည်း အလုပ်ပြောင်းသွားတောင် တခါတရံတကူးတက ဆုံရန် ချိန်းရင်း သူ့အကြောင်းကိုယ့်အကြောင်းရင်ဖွင့်ရင်း မနက်စာညစာ အတူစားမိသောအခါ ပူပူပန်ပန်ဖြင့် Still thinking to get a boy friend within 2 years ဆိုကာ Go out frequently to meet someone, Enjoy some events စသဖြင့် တိုက်တွန်းကြလေ့ရှိသည်။

သူတို့လုပ်လေ့ရှိသော charity ပွဲ၊ sport event စသဖြင့် သွားရန်ဖိတ်လေတိုင်း မသွားဖြစ်သည်သာက များသည်။ အားနာတာရော အားကစားဆို ၀င်နွှဲ ကြည့်ချင်တာရောကြောင့် နာမည်ကြီး National Day Walking Event တခါသွားကြည့်လည်း မပျော်တတ်တော့ပဲ သူ့တိုင်းပြည်နှင့် ကိုယ့်တိုင်းပြည် ကျင်းပပုံချင်း သိပ်ကွာဟနေပါလားဟုသာ ရင်နာစွာ သတိထားမိလေသည်။ တွေ့မိသမျှလူတကာကို စေ့စေ့ကြည့်မိလျက် ကိုယ်နှင့် ရွယ်တူ ကလေးသုံးယောက်အမေက ကလေးသုံးယောက် တန်းလန်း သူ့အမျိုးသားလက်ချိတ်ဖမ်း၍ ရင့်ကျက်တက်ကြွစွာ ဦးဆောင်နေတာ မြင်ပြန်တော့ ညောင်နာနာ အမ်းတမ်းတမ်းနှင့် ကိုယ့်ပုံစံကို လူတောမတိုးသောရုပ်ဟု အားငယ်မိသလိုရှိလေသည်။ ကိုယ့် ဖိတ်ထားသော မလေးရှားမှ သူငယ်ချင်း တရုတ်မလေးက ရုတ်တရက် တရုတ်အမျိုးသားတစ်ယောက်ကိုလက်ချိတ်၍ မိတ်ဆက်ပေးသောအခါ သူရုံးမှာ အလုပ်လုပ်စဉ်က အတွဲမရှိဆိုတာ ခေါင်းထဲအလိုလိုရောက်လာသည်။ နောက်တော့ သူမက သူတို့ ဘုရားကျောင်းပွဲ အနုပညာပွဲတို့မှာ အတွေ့အမြင်များကာ လက်ခံလိုက်တာ ၃လခန့်သာ ရှိသေးသည်ဟု တိုးတိုးပြောပြလေသည်။သူ့ကောင်လေးက သဘောကောင်းကြင်နာမည့်ပုံရပေမယ့် မျက်လုံးတဖက်က ကျန်တစ်ဖက်ထက် အတော်သိသာစွာကျဉ်းနေတာမို့ ကိုယ်လုံးကလေးအလွန် သေးသွယ် အချိုးကျလှသော ချစ်စရာကောင်းသော သူငယ်ချင်းကို ကြားထဲက တိတ်တိတ်ကလေး နှမြောနေမိသည်။ နောက်တော့လည်း အသွင်အပြင်ထက် စိတ်ထားနှင့် ကိုယ့်ကျင့်တရားက ကောင်းလို့ နေမှာ ဟု ရုတ်ချည်း အမြင်ပြောင်းပြန်သည်။

တကိုယ်တည်း ကိုယ်ပိုင် ဖြတ်သန်းရသောဘ၀ကို အခါများစွာမှာ အားရလျက် တခါတခါမှသာ အထီးကျန်သလို ခံစားရတတ်လေသည်မှာ အသက်နှစ်ဆယ်မှ စ၍ တိုက်ခန်းတခန်းနှင့် လမ်းများလှသော တအူတုံ့ဆင်းအကိုနှင့်သာနေခဲ့ရတာမို့ ဒီဘ၀ကိုအသားကျသလို ဖြစ်နေတာလည်း ပါပေမည်။ စိတ်နှလုံးက ခန်းခြောက်နေသလား၊ ကြောက်စိတ်ပိုသလား ကိုယ့်ဘာသာမရေမရာရှိကာ စိတ်ဝင်စားသယောင် ဖွန်ကြောင်တတ်သူတို့ထံ ရံဖန်ရံခါမြင်ရသော အကြည့်သူခိုး ရိုင်းရိုင်းကို မြင်မိသောအခါ ၀တ္ထုတွေထဲဖတ်မိသော ကိုယ်အပြင်မှာ တကယ်မြင်ဖူးသော ကြည်နူးစရာ စုံတွဲတချို့ဧ။် မြတ်နိုးကြည့်ဆိုတာ နှင့် နှိုင်းယှဉ်မိသောအခါ နှာဘူးကောင်ကြီးဟုသာ စိတ်ထဲမှ မှတ်ချက်ကြိတ်ချမိသည်။ အကိုပြောဖူးသော ယောက်ကျားဆိုတာ နှာဘူးမဟုတ်ရင် ဂန်ဒူးပဲ၊ နင်မြင်အောင်ပြတာနဲ့ မမြင်ရအောင်ထိန်းတာပဲကွာတာ ဆိုသော စကားကိုတော့ ကြားယောင်မိလေသည်။

မေးသမျှသူငယ်ချင်းတို့ဧ။် အပျိုကြီးပဲ တကယ်လုပ်မှာလားဆိုသော မေးခွန်းကို စကားကုန်လည်းမပြောချင်သောအခါ မပြောတတ်ဘူးဟုသာ ယောင်ချာချာ ဖြေမိပြန်လေသည်။ အရင်က ကိုယ့်စိတ်ထဲမခေါ်ဘဲနဲ့ ရှိခဲ့ဖူးသူကိုလည်း လွမ်းဆွတ်တမ်းတစိတ်ဆိုလို့ လုံးလုံးမရှိတော့တာ အံ့သြစွာ သတိပြုမိသည့်အခါ ငါ့ဟာ ဘာကြီးပါလိမ့် ဟု ကိုယ့်ကိုကိုယ် အဖြေရှာမရ ခေါင်းကုတ်ဖွမိသည်။ အရင်းနှီးဆုံးသူငယ်ချင်းများကတောင် စိတ်ပျက်ကြရသည့် ၊ အမေမကြိုက်သည့် ၊ ပစ္စည်းဝယ်ပြီးတိုင်း နှစ်ခါပြန်ပြန်လဲပြီး ဂဂျီဂကြောင်ကျတတ်သည့် မိမိ အိမ်ထောင်ပြုပြီးနောက်မှာတောင် ပြန်လဲလို့ရရင် ကောင်းမယ်ဟု စိတ်ကူးပေါက်လာမှာ တဆိတ်ကြောက်လွန်းလှသည်။

မေ့လွယ်သော ကိုယ့်ဦးနှောက်သည် ရှေ့ရေးကိုသာ တွေးပူလျက် အသက် ၆၀ ကျော် အလုပ်မလုပ်နိုင်သည့် အငြိမ်းစားယူကာလကို စားပင်ပန်းပင်ကလေးများစိုက်လို့၊ ကလေးများစာသင်ပေးချင်လို့၊ လူမှုရေးလုပ်ငန်းတွေ မှာ အခါအခွင့်သင့်လျှင် လုပ်လို့၊ တရားဘာဝနာအားထုတ်လို့ ကြောင့်ကြမဲ့နေနိုင်ဖို့ရာ ဘယ်လိုများ ကြံဆောင်ရပါ့ ဟု နည်းလမ်းရှာမိလေသည်။ တပတ်တပတ်လျှင်မြန်စွာ ကုန်ဆုံးနေသော နာရီလက်တံတို့ကား အိုလံပစ်မာရသွန် ပြိုင်ပွဲဝင်သူများကဲ့သို့ပင် ကိုယ့်ကိုစောင့်သည်မဟုတ်တော့ အလုပ်လဲများ Music, Reading, Movie, Photography စသဖြင့် ၀ါသနာများလှသော ကိုယ့်မှာ အချိန်ဆင်းရဲတာ အမှန်ပင်။ဝါသနာသာများပြီး ဘယ်ဟာကိုမှတော့ မဖန်တီးတတ်ပဲ ဝေဖန်ရုံသာ တတ်လေသော တတ်ယောင်ကား မိမိသာ ဖြစ်သည်။ ဒီကြားထဲ ဒီရောက်ကတည်းက ပျင်းလဲပျင်းသော ဟင်းချက်ခြင်းကိုတောင် အပြင်စာချည်းပဲ မစားနိုင်တာရော ကျန်းမာရေးနှင့် ညီညွတ်ချင်တာရော ကိုယ့်ဘာသာ မနက်စာနေ့တိုင်းချက်စားလေရာ ကစားစရာ တစ်ခုရသကဲ့သို့ အလုပ်က ပိုများလေသည်။ စိတ်နှင့်လူသည် အအားသိပ်မရသည့်အခါ တစ်ယောက်တည်းဆိုတော့ ဟူ၍ အားငယ်စရာ ဆိုတာမျိုးလည်း သိပ်မရှိတော့ပေ။

အခြားသူများတော့ မပြောတတ်သော်ငြား ကိုယ်တိုင်တော့ စိတ်ထဲက ချစ်မြတ်နိုးသူကိုသာ လက်ထပ်မည်ဆိုသော ဆုံးဖြတ်ချက်ကလည်း ဘယ်သောအခါမျှပြောင်းဖြစ်လိမ့်မည် မထင်ပေ။ ဒီအပျိုကြီးနှယ် ဒီအရွယ်ကြီးရောက်မှ အချစ်တွေ ဘာတွေ အော်နေချင်သေးတယ် ဟု ကြိတ်မဲ့ချင်သူတို့ ရှိကောင်းရှိမည် ဖြစ်လည်း မတတ်နိုင်ပါ။ အရွယ်တောင်လွန်နေသည့် သည်လိုအခါမျိုးမှာ အခြေအနေလဲပေးသည့်အခါ သင့်တော်ရာ ကြင်ရာရှာကြသော အခြားသူများကဲ့သို့ မလုပ်ချင်တာ ဘာမှမတတ်နိင်ပေ။ အနီးအနားမှ အရိပ်အသန်း ဖမ်းချဉ်းကပ်ချင်သူကျလည်း အားကိုးထိုက်သူလားထိတောင် မဆန်းစစ်မိပဲ ငါသူ့ကို ဘယ်လိုမှ မချစ်ဘူးဆိုတာသာ ကိုယ့်ဘာသာ သေချာသိနေတော့ သြော် ဒုက္ခ...ဟုသာ တမိသည်။

ဒါမျိုးရောက်တတ်ရာရာလျှောက်တွေးမိသည်ကလည်း ရှားရှားပါးပါးအားရက်မှာမှ လုပ်စရာရှာမတွေ့သည့် အခါသာ ဖြစ်သည်မို့ သည်အတိုင်းသာ စခန်းဆက်သွားမည်သာ ဖြစ်လေသည်။ ပူပန်လေသော မိဘဆွေမျိုး သူငယ်ချင်းများကို အားနာစရာကောင်းတာ မှန်လည်း ကိုယ့်ရဲ့လွတ်လပ်မှုမှန်သမျှကို စတေးကာ အိမ်ထောင်သည်ဘ၀ထဲ စီးမျောပျော်ဝင်ဖို့ရာ သူ့အတိတ်ကံနှင့် နဖူးစာ ပါလှမှသာ ဖြစ်နိုင်မည်ဟုတွေးမိလေသည်။ တကယ်တော့ လူတယောက်နှင့် တယောက် တသက်တာ အတူစား၊ အတူနေ၊ အတူအိပ် သူချစ်ကိုယ်ချစ်ဖြစ်ကာ အေးအတူပူအမျှ နားလည်မှု မျှတစွာနဲ့ တသက်တာလက်တွဲဖို့က တော်ရုံတန်ရုံရေစက်နှင့်တော့မရတာ ဗုဒ္ဓဘာသာဝင်ပီပီ လူတိုင်းလက်ခံရမည်ပင်။ ထိုကဲ့သို့ဘ၀မျိုး ရရှိသူတို့ကိုကား ကိုယ်လဲ မုဒိတာပွား၍ ရောပျော်တတ်သူပါ။

သို့သော်ငြား သူ့ရေစက်ရှိသည့် အခါ နဖူးစာသည် ရှောင်မရ လွှဲမရ ဖြစ်တာ အခါများစွာ အသိများ၊ သူငယ်ချင်းများမှာ မြင်ဖူးထားသည်မို့ ရံဖန်ရံခါ အတန်ငယ် အထီးကျန်မိသည်မှတပါး အားသည့်အခါ ကိုယ့်ပိုက်ဆံကိုယ်သုံး၊ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်၊ မောင်နှမသားချင်းဝမ်းကွဲပါ မကျန် ပူပူပင်ပင် စီစဉ်ဆရာလုပ်၊ အလုပ်မှာ ပိုအာရုံစိုက်လို့ ကုသိုလ်ရေးကိုလည်း စိတ်ကူးပေါက်သလောက် အတားအဆီးမရှိ လုပ်ခွင့် ရသည့်အခါ ဒါလည်းဘ၀အကျိုးပေးကောင်းတမျိုးလို့သာ ယူဆမိတာ ခွင့်လွှတ်စေလိုလှပါသည်။

ဝန်ခံချက်။ ။ကျွန်မ ဆရာမကြည်အေးဧ။်ဝတ္ထုများကို ကြိုက်သောကြောင့် တူမတူမသိသော်လည်း အပျော်သဘောဖြင့် ဆရာမကြည်အေးဧ။် အပျိုကြီးသရုပ်ဖော်သောဝတ္ထုမျိုးကို တုပစိတ်ကူးရေးမိသော ပို့စ်တပုဒ်သာ ဖြစ်ပါသည်။

Tuesday, August 19, 2008

Dhamma (အဘိဏှသုတ်)

အခုတလော ရေးချင်တဲ့အကြောင်းအရာတွေ ခေါင်းထဲရှိနေပေမယ့် အင်္ဂလိပ်စာ အသုံးအနှုန်းသစ်၊ စကားလုံးသစ်တွေ (တစ်လုံးဖြစ်ဖြစ် နှစ်လုံးဖြစ်ဖြစ်အံဝင်ခွင်ကျ ကိုယ်ရေးမယ့်ဟာနဲ့ ကိုက်တာမရှိလို့ ) နဲ့ essay ရေးချင်ပေမယ့် မရေးဖြစ်ပါဘူး။
ဒီတော့ မြန်မာလိုရိုက်မှ အဆင်ပြေမယ့် ဘုရားရှိခိုးဖြစ်တဲ့နေ့တိုင်းမှာ စိတ်ပါလက်ပါ နှလုံးသွင်းဖြစ်တဲ့ မှတ်မိဖို့ လွယ်ကူလောက်အောင်တိုပြီး အနက်ကျယ်ဝန်းလှတဲ့ အဘိဏှသုတ်ကို ကိုယ်ဖတ်ဖူးသလောက်ပြန် share လိုက်ပါတယ်။

ဘုရားစာအုပ်ထဲက အညွန်းက ဒီသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် မရှောင်လွှဲနိုင်တဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေကို မကြောက်ပဲ အသက်ရှင်နေစဉ် နေ့တိုင်း ကောင်းမှုကိုသာ အားထုတ်ဖြစ်မယ်လို့ ဆိုပါတယ်။ ပါဋိအနက်တော်ကို သေသေချာချာကြည့်မိတော့ နှလုံးသွင်းမယ့်လူတိုင်း အကုသိုလ်နည်းအောင် နေဖြစ်ဖို့ မမြဲတာတွေနဲ့ ယှဉ်ပြီး သတိပေးထားတဲ့ဂါထာဖြစ်လို့ အညွှန်းမှန်တယ်လို့ ယူဆပါတယ်။

ပိုက်ဆံစုဖို့ လူတိုင်း လုပ်ဖူးကြမှာပါ။ ကိုယ်လိုချင်တဲ့ မြင်ရတဲ့ ရုပ်ဝတ္ထုရဖို့ အတွက်စုသလိုပဲ မမြင်ရတဲ့ ကုသိုလ်လေးတွေ နေ့တိုင်း စုသွားမယ်ဆိုရင် သေခါနီးမှာ စိတ်အေးလက်အေးသေနိုင်မှာပါ။

များသောအားဖြင့် ကျွန်မ ညတိုင်းနီးပါး ဘုရားရှိခိုးမိအောင် ကြိုးစားတယ်။ ဘာကြောင့်ဆို ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်တွေကို တတ်နိုင်သလောက်ဖယ်နိုင်ဖို့ သတိပေးတဲ့အနေနဲ့ အဓိပ္ပါယ်နားလည်တဲ့ သုတ်တို့ ပဌာန်းတို့ ရွတ်တာပါ။အလုပ်က issue မရှိတဲ့နေ့ဆို စိတ်ပါရင် တခါတခါ တရားထိုင်ဖို့ ကြိုးစားမိပါတယ်။ စိတ်လွင့်လိုက်ထွက်လိုက်ပေမယ့် စိတ်မပျက်ပါဘူး။ အရမ်းရိုင်းတဲ့ ဆင်ဆိုးကြီးတွေကိုတောင် တဖြည်းဖြည်းကျင့်ယူရင် ယဉ်လာတတ်သလို မကောင်းတဲ့ စိတ်တွေကိုလဲ သတိမြဲလာတဲ့အခါ ကောင်းအောင် ထိန်းနိုင်မယ်လို့ ယုံကြည်လို့ပါ။

ကံဆိုတာ အလုပ်ဖြစ်တဲ့အတွက် ကိုယ့်လုပ်သမျှ ကာယကံ၊ ၀စီကံ၊ မနောကံတွေ က ကိုယ့်ရဲ့ ဓနဥစ္စာ၊ ကိုယ့်ရဲ့အမွေ၊ ကိုယ့်ရဲ့အကြောင်းရင်း(အခုလက်ရှိ ကိုယ့်ရဲ့ ကောင်းကံဆိုးကံတွေ)၊ ကိုယ့်ရဲ့အဆွေအမျိုး၊ ကိုယ့်ရဲ့ကိုးကွယ် လဲလျောင်းရာ ဖြစ်တဲ့အတွက် ပြုမိသမျှ(မနောကံ လဲပါပါတယ်) ခံရမယ်လို့ ဆင်ခြင်ခိုင်းတဲ့ ဂါထာလေးပါ။

အဘိဏှသုတ်

ပဥ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိ တဗ္ဗာနိ ဣတ္တိယာ ၀ါ ပုရိသေန ၀ါ ဂဟဌေန၀ါ ပဗ္ဗဇိတေန ၀ါ ။
ကတမာနိ ပဉ္စ
(၁) ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ။
(၂) ဗျာဓိဓမ္မောမှိ၊ ဗျာဓိံအနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ။
(၃) မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ။
(၄) သဗ္ဗေဟိမေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ၊ ၀ိနာဘာဝေါတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ။
(၅) ကမ္မာဿကောမှိ ကမ္မဒါယာဒေါ ကမ္မာယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊ ယံကမ္မံ ကရိဿမိ ကလျာဏံဝါ၊ ပါပကံဝါ၊ တဿဒါယာဒေါ ဘ၀ိဿမီတိ အဘိဏှံ ပစ္စဝေက္ခိ တဗ္ဗံ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိ တဗ္ဗာနိ ဣတ္တိယာ ၀ါ ပုရိသေန ၀ါ ဂဟဌေန၀ါ ပဗ္ဗဇိတေန ၀ါ ။

ပါဋိအနက်တော်

ဘိက္ခဝေ၊ ရဟန်းတို့ ။ ပဉ္စ၊ ငါးပါးကုန်သော ။ ဣမာနိ ဌာနာနိ၊ ဤအကြောင်းတရားတို့ကို။ ဣတ္တိယာ ၀ါ၊ မိန်းမသည် လည်းကောင်း။ ပုရိသေန ၀ါ ယောက်ျားသည် လည်းကောင်း။ ဂဟဌေန၀ါ၊ လူသည်လည်းကောင်း။
ပဗ္ဗဇိတေန ၀ါ၊ ရဟန်းသည်လည်းကောင်း။ အဘိဏှံ နေ့ညဉ့်မပြတ်။ ပစ္စဝေက္ခိ တဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်ဧ။် ။

ပဉ္စ၊ ငါးပါးတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။
(၁) အဟံ၊ ငါသည်။ ဇရာဓမ္မော၊ အိုခြင်းသဘောရှိသည်။ အမှီ၊ ဖြစ်ဧ။် ။ ၊ ဇရံ၊ အိုခြင်းသဘောတရားကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဉ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်ဧ။်။ (နှစ်အလိုက်ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ယှဉ်ကြည့်မိလိုက်သလိုပဲ)

(၂) အဟံ၊ ငါသည်။ ဗျာဓိဓမ္မော၊ နာခြင်းသဘောရှိသည်။ အမှီ၊ ဖြစ်ဧ။် ။ ၊ ဗျာဓိံ နာခြင်းသဘောတရားကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဉ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်ဧ။်။ (နေမကောင်းတဲ့နေ့တွေ ပြန်စဉ်းစားကြည့်မိပါတယ်)

(၃) အဟံ၊ ငါသည်။ မရဏဓမ္မော၊ သေခြင်းသဘောရှိသည်။ အမှီ၊ ဖြစ်ဧ။် ။ ၊ မရဏံ၊ သေခြင်းသဘောတရားကို။ အနတီတော၊ မလွန်နိုင်ချေ။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဉ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်ဧ။်။ (ကိုယ့်ရဲ့ ပထမဆုံးကြုံဖူးတဲ့ အချစ်ဆုံးသူသေတဲ့ ခဏကိုပြန်တွေးကြည့်မိတယ်။နှစ်တန်းတုန်းက အရမ်းချစ်တဲ့ အဖိုးရုတ်တရက်ဆုံးတာပါ။ ငါသာ ရုတ်တရက် ခုနေသေသွားရင်လို့ တွေးလိုက်မိတဲ့အခါ...)

(၄) မေ၊ ငါအား။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ မနာပေဟိ၊ နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့်။ နာနာဘာဝေါ၊ အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲကွဲရခြင်းသည်လည်းကောင်း။ ၀ိနာဘာဝေါ၊ ဘ၀တစ်ပါးသို့ပြောင်းသွားသဖြင့် သေကွဲကွဲရခြင်းသည်လည်းကောင်း။ အမှိ၊ ဖြစ်တတ်ချေဧ။်။ ဣတိ၊ ဤသို့။ အဘိဏှံ၊ နေ့ညဉ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်ဧ။်။ (ကိုယ်ကြုံဖူးတဲ့ ချစ်တဲ့သူနဲ့ ခွဲရတဲ့ သေကွဲရှင်ကွဲ..စိတ်အဆင်းရဲဆုံးအချိန်ဖြစ်မှာပါ)

(၅) အဟံ၊ ငါသည်။ ကမ္မဿကော၊ ကံသာလျှင် မိမိဥစ္စာရှိသည်။ ကမ္မဒါယာဒေါ၊ ကံသာလျှင် အမွေခံရှိသည်။ ကမ္မယောနိ၊ ကံသာလျှင် အကြောင်းရင်းရှိသည်။ ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေအမျိုးရှိသည်။ ကမ္မပ္ပဋိဿရဏော၊ ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည်။ အမှိဖြစ်ဧ။်။ ကလျာဏံဝါ၊ ကောင်းသည်လည်းဖြစ်သော။ ပါပကံဝါ၊ မကောင်းသည်လည်း ဖြစ်သော။ ယံကမ္မံ၊ အကြင်ကံကို။ ကရိဿမိ၊ ပြုအံ့။ တဿ ကမ္မဿ၊ ထိုကောင်းမှု မကောင်းမှုကံဧ။် ။ ဒါယာဒေါ၊ ကောင်းမွေဆိုးမွေခံသည်။ ဘ၀ိဿမိ၊ ဖြစ်ရအံ့။ ဣတိ၊ ဤသို့ အဘိဏှံ၊ နေ့ညဉ့်မပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်ဧ။်။ (ဒီအပိုဒ်က ကျွန်မ အကြိုက်ဆုံး အပိုဒ်ပါ။ လင်းကနဲ လက်ကနဲ နဲ့ ကောင်းတာတွေ ပိုလုပ်ဖြစ်အောင် စေ့ဆော်ပေးလို့ပါ။)

ဘိက္ခဝေ၊ ရဟန်းတို့ ။ ဣမာနိ ပဉ္စ ဌာနာနိ ၊ ဤငါးပါးသောအကြောင်းတရားတို့ကို။ ဣတ္တိယာ ၀ါ၊ မိန်းမသည် လည်းကောင်း။ ပုရိသေန ၀ါ ယောက်ျားသည် လည်းကောင်း။ ဂဟဌေန၀ါ၊ လူသည်လည်းကောင်း။ ပဗ္ဗဇိတေန ၀ါ၊ ရဟန်းသည်လည်းကောင်း။ အဘိဏှံ နေ့ညဉ့်မပြတ်။ ပစ္စဝေက္ခိ တဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်ဧ။် ။ တဲ့။

ဒီပို့စ်လေးကို ဖတ်မိတဲ့သူတိုင်း ဒီသုတ် ပါဋိအနက်ကို နေ့စဉ် နှလုံးသွင်းဆင်ခြင်ဖြစ်ပါစေ။

24 hours A Day

I've never had a good skill in time management. In 8th Standard, Maths Teacher used to call me my first name + opposite meaning of my last name.

Why ?

Because I was ever late to attend his class though my last name is spelled as 'Oo' which one of its meanings is "first" in our language. But I was mostly the last to arrive his class. When I started working in office, again as usual as I was, quite often late and had to give fine mostly thrice a week :(

As I have friends who keep on time in everything, I noticed that they have regular time for sleeping, eating, relaxing and studying. They prepare well ahead of the actual event.

When I was young, I didn't like to be a puppet surrounded by routine. I have passed my life mostly without any time table and I did when I had a good mood to do.Otherwise, I ignored things those were in queue to complete.

I am trying to fix my behaviour in this year. Let's start to divide Weekdays and Weekend.

Weekdays
Everybody is busy, so am I.
I wake up around 8:15AM, and then do cooking within 40 mins and usually pack my lunch box to office. Take a shower and go to office and arrive office between 10AM and 10:30AM. Since our manager is flexible for arrival time of office, I am still lucky.

Going back home is not on time, but I used to go back home around 7PM unless I am busy. But if not, I forget to check the time and continue working to get my tasks to be completed.

No wonder for dinner is quite late around 9PM ++ if busy. If not, I ate dinner around 8 PM. Eating dinner, using internet or watching TV is as always together.

Take a shower and usually spend my time for Dhamma and Buddha for 1++ hour. Sometimes not spend 1 minute for praying and just watch TV or Movie at Theatre. Going to bed between 12:30AM and 1AM but sometimes cannot sleep as thoughts are still around in my head.

There is no personal improvement time in weekdays. I tried to bring one book to read on bus/mrt but mostly it makes me feeling headache. I can't read books for a long time on bus/MRT.

Let's check the schedule

1. Sleeping Hours: 7:15
2. Food Preparation Hours (Morning) : 00:40
3. Going to Office (Morning): 1:00
4. Working Hours:8 hours average but sometimes more than that and at most as 12 hours
5. Going back home (Evening): 1:00
6. Food Preparation Hours (Evening): 00:40
7. Relax Hour: 0:30 (Sometimes more than that, after dinner, I feel lazy to wash dishes and lunch box and whether TV program is good or not, keep sitting and discussing about TV news or something else)
8. Dhamma Hour: 1:00 at least.

Friday
Most happiest day that I am waiting for it since Monday. We try to arrive home early on that day. We eat our dinner infront of TV and watch TV together. Life looks pretty good when I have delicious food to eat and I have somebody to talk on Friday night. Mostly I stay up late till 2 AM++ on Friday. So definitely, wake up late as well on Saturday.

But starts from July, I tried to do the same as weekdays. So if I have appointment in the evening, I do exercise for 1 hour in the morning.

Weekend
Usually I do whatever I like.
I'd like to start PIT stop for career which is really necessary for my future. I think library is the best to study. Otherwise, I never succeed to study at home.I am very lazy. After lunch, I can take a nap only on weekend, this is my reason to take a sleep which is sometimes more than 2 hours :D Also I have to allocate my time for house chores and buying food for the next week and sometimes cooking special Myanmar Traditional Food which takes more time.

Sometimes, I wish that if more than 24 hours a day, it will be better for me. It is shameful for not managing very well among personal time, work time and family(friend) time till in this middle age. I will try to fix as possible as I can but SLOWLY.

I will try to follow a DRAFT time table to drive my careless manner in Time Allocation. As of today 20-08-2008 but it is just an imaginary and not sure how it works in reality :)



Tuesday, August 05, 2008

To my purple "..."

Clouds are on the sky
But you are hiding behind..
Don't be shy to shine
World is waiting for your smile

I am one of the stars
Don't look out far..
I whispered in your ears
Hope you'd get it hear.

Wednesday, July 30, 2008

Little Close One Birthday



She has natural wavy hair.


She got bright beautiful eyes.


She has a good-looking nose which is pretty in any angle.




I used to tease her for her short arms & hands even though hers are not short in reality. She used to replied me that "No, my arms/hands are not short. Only yours are over length."

Who is she?
My harmonious friend who gets along together with me by fate whenever I go abroad for job. She is 7 years younger than me and born in July.


I met her first time at our OJT class which I joined as a second time to work in my first company. At that time, I was together with my mom. When we became friends, she told me that she got pity on me because she thought that my IQ level was under average and that's why I was still accompanied by my mother at this age :D

Ha Ha...
Vice versa, my first impression on her is this girl may not be good-minded because her face is hard with friends sometimes.

Later, we became close since we were only two girls in our OJT class. She is clever and very quick in programming as well as typing (Like a monkey, yeah :)

We were assigned in different projects. When I faced over-due to finish my project, her bright eyes filled with worry like she felt it as her own. This is happened within just 2 or 3 months after we knew each other.

I am 100% sure that she was really worried for me and she liked me as her friend.Though she had her own project to complete, she was still willingly trying to find out the solution to help me.

So, it is an evidence that my first opinion on her is totally wrong.
Hopefully her first opinion on me is changed later, is it ? :)

I love her for her warm heart & caring behaviour to friends & family.
I love her for never beaten up for anybody who gets weak in any point. Her manner is consistent to everybody.
I love her for never pretending to anybody. If she doesn't like you, you will see it on the spot.
I love her for not being talkative with nonsense and not critize on others with negative sense all the time.
I love her for having same negotiable habbit with me for being active, joking lightly, having fun freely if not bothers to others, reading, watching movies, singing loudly & listening songs.


I love her for so many reasons in addition of Than-Yaw-Zin, which is pronounced in our language. Than-Yaw-Zin, the meaning is an unseen thin string which becomes more firm between two peoples who complements each other.

Of course, definitely, there are some points those I see she should take care for to be a better person since nobody is perfect. She also knows me very well about my good points and WEAK points.

I've never seen her shouting or used voilent words to others face to face or behind their back. She never blames me for things those I rarely remember. Instead of that, she keeps reminding me for my forgetful habit to get better.

Nowadays, she reminds me for once upon a time, I was a real patient and jolly person which I am not now. She told me that

"To get a friendship you have to give lots of time, money, mind and heart for so many years. But to destory, it is very easy within a day. Keep remember that .. A ma".

Yeah, we also fight, argue and upset sometimes but which no longer exists and keeps in mind that who did that to whom.

Time and love keep growing our friendship since our group knows the value of friend and do not forget the good points of each friend. She got married to one of our friends who was one year older than her. I hope to see their babies soon :0

Last but not least, which I'll never forget this event, which was even in the dark night, we were each on a separate bed where only our feet were in opposite positon and we could not see our head each other, tears came down from my eyes without any voice because I thought the words of other friend, unbelievably, this little girl knew with sense that I was crying. She came to my bed and hugged me and comforted me.

This is she, Mrs.S now, who never doubts my love for her.

Happy Birthday!!!

Monday, July 21, 2008

Against ageing

As I get older, I noticed that my body is not as fit as before. Now, I can't stay up late till mid night which I used to do for my whole life. If I can't avoid to stay up late, I am not feeling fresh and well the next day. Ageing approaches me however I agree it or not.

Nowadays, whatever I eat, it is easy to gain weight. The reason is metabolism becomes slow and I am sitting infront of monitor all the time except on bus/MRT or having shower or in the toilet. Even eating I am doing it together with reading something from internet.

I am always a big eater. My family used to called me dustbin:) So you can guess how much I eat. Whenever food are left to throw away, I used to eat up all.But when I was young, it is not a big deal. I was thin as always as I used to be however I over-eat.

Huh...how I feel now?
I am fatty, get tired easily and Migraine which attacks me whenever I get extremely sad or accidentally get the cold on my head after hair wash or feel lots of stress or my stomach is empty for a long time.

I am analyzing myself to fix those issues on my body. Like everybody, I also want to get a longer life if possible.

So,I started eating a lot of vegetables & fruits, drinking milk which I rarely drink before, trying to do exercises at least total 2 hours at weekends and try to sleep around 12AM. Honestly, I am still lazy to do exercises everyday. Still trying to start at weekdays but haven't succeeded yet.

Last weekend, to know the response of body, intentionally I ate less veges but ate more rice and meat on Saturday. But the next day, I ate only vegetable prawn sour soup which includes prawns, gourd, carrots, tomatoes, tamarind, pasar green beans, small green chilli & Taiwan chye (green leaves which becomes sticky when heat them) and rice.

Wowwww....I felt freshness & feeling lighter than the other day which I found on Monday morning after toilet:D. It is really amazing finding that my tummy also a bit flatter than before.

Of course, I am one of the women who wants to keep good-looking naturally. Not because of health only but because of beauty, I decided to change my life style as possible as I can.

Practically, you SHOULD start take care of what you eat, when you sleep and how you pass your day when your age is around 30.

I am changing my habits as
1. Having breakfasts (one glass of milk or juice and one fruit) (I never eat breakfast except travelling time)
2. Eating lunch with whatever you desire (may be oily curry or spicy oily biryani or anything but for me, I don't eat too oily curry)
3. Only eat soup with vegetabes without any rice or just a small amount of rice before 7 or 8 PM (usually I eat my dinner very late around 9++)
4. Do 1 hour exercise on both weekends (if possible, do at weekdays for 30 mins)
5. Sleep around 12 AM
6. Have a glass of warm milk with a little bit of salt before go to bed (it can help you fallen asleep faster and get a sound sleep)
7. Do meditation for 15 mins everyday to clean your inner world (if cannot meditate, just keep remembering about Buddha's gon-taw 9 par with 100% concentration)
8. Drink a lot of water
9. Choose variety of vegetables alternatively include in your meals
10. Eat more fish, prawn and seafood rather than meat
11. Checking and controlling body weight every week

You might say that you don't like vegetables or your body don't need to take care of like me or you can't eat in that way or you can't sleep early or you don't have chance to walk. (may be you have a car or your apt is very close to MRT or your office is near bus stop)

But remember that even you don't want to do for yourself, you need to do it for your loving ones which might be your parents or your life partner or your kids or anybody who are important for your life.

Again, sometimes you don't want to do for yourself but you love to do it for your loving ones, right? I know, so let's start together :)

Thursday, May 01, 2008

Same choice

Human shows feeling since born. Once we are born, we cry to show how we get scared of light, sound and space initially since we stay in the dark, silent and narrow womb for many months.

Some peoples talk about feelings while some silently show or write their feelings. For me, I preferred to show or write but I don't know exactly how I got on this way. As once in my teen life, I was really talkative and our group competed one another to talk first in all gathering parties. There is no listeners but all talkers. All are girls, yeah, 11 girls.You can guess how the neighbours got noisy when we were around them :)

As life goes on, my true nature becomes silent and I keep everything inside my mind. It is the real art to show your feelings to your loving ones. How you will show is your choice. Various symbols and signals are different between men and women.

If you and your loving one use "show" as the way of representing feeling, it is a bit difficult to understand each other sometimes. Well, especially we are on the same choice as a gift of fate. You will never think of standing on the same side can make troubles, huh? However, I believe we can communicate better with our patience and love.

Friday, April 11, 2008

My Purple

Wanna choose option 1 or 2 if you ask me, I will follow 1 :)

Option 1:

Though little in common

Trying to mend

Added to understand

I don't want to end..

Option 2:

Little in common

Shallow in trend

Not ease to mend

Struggle for end..



Sunday, April 06, 2008

Adjust

In life, I believe everybody faces loss or failure or difficulties at least one time in their life. It may be for person or ambition or anything that exists deeply in mind.

As a believer, human beings are naturally created with enough strength to overcome such kind of loss in life. The way that we choose is replace or adjust ourselves. Nobody can cry or look back forever all the way back that he or she has passed .

Life is not a one time process but it is on going process. We are adaptable to the changes. The situations sometimes force us to be compatible with the surroundings whether we like it or not. That's just my assumptions :0 You may dislike or disagree with me. The reason why I choose this title as my first post is just encourage not only me but also everybody whoever faces some difficult times in life. However we can pass those times with comforting ourselves as "it is not end of the world!". It is true...right?

I am still alive and have strength to get some of my dreams and keep going. Still sometimes I thought that life is nothing but still something that I am living. I care every morning that I wake up and every night that I fall sleep. We will get a bright sun light and feel a peaceful moon light everyday if we change the point of view for how we see the world. So crying in the dark or trying in the light? I choose trying in the light :)