Friday, October 31, 2008

အသံဆူတဲ့ည

အဲဒီညက
ခါးလိုက်တဲ့ အရည်တွေ
ငါ့နားရွက်ကနေ
အလိုမတူဘဲ..အတင်းမျိုချခဲ့ရ။
ပြီးတော့...
တစစနဲ့ ပျံ့နှံ့ နေရာယူလိုက်ပုံများ
နောက်ဆုံး ဦးနှောက်တခုလုံး
သုံးမရတော့တဲ့အထိ။
မူးယစ်တဲ့...အသိ
နောက်ကျိခဲ့...အာရုံ
ထုံသွားတဲ့...စိတ်ဟာ
နှိပ်စက်ခံလိုက်ရတာများ
အိပ်ပစ်လိုက်ရတဲ့အထိ။

ဒီဇင်ဘာ ၅ရက် ၂၀၀၁ခုနှစ်။
မနက် ၁၂နာရီ ၃မိနစ်။


August ကနေ October ထိ သုံးလလုံးလုံး အိယောင်ဝါးပြီး အပျင်းထူ အနားယူလို့ စိတ်ကူးတည့်ရာ လျှောက်လုပ်နေခဲ့ရာက ခုတော့ လုပ်စရာတွေက တန်းစီလို့နေပါပြီ။ ဘလော့ခ်တွေလျှောက်လည်ခြင်း၊ ဖတ်ခြင်း နဲ့ ရေးခြင်း ခဏရပ်ပါဦးမယ်လို့ လက်ငါးချောင်းမပြည့်တဲ့ကျွန်မဘလော့ခ် စာဖတ်သူတွေရယ်၊ မျက်စိလည်လမ်းမှားပြီ တခါတလေ အလည်လာတဲ့သူတွေရယ်ကို လေးစားစွာပန်ကြားခဲ့ပါတယ်။ နောက် အချိန်ပိုတွေ ပြန်ထွက်လာတဲ့ အခါ ပြန်ဘလော့ခ်မယ်နော်။ ၂၀၀၁ တုန်းက ရေးခဲ့တဲ့အသံဆူတဲ့ည ဆိုတဲ့ ကဗျာလေးနဲ့ တာ့တာ လုပ်ခဲ့ပါတယ်။



2 comments:

nu-san said...

အမရေ.. အဲဒီလို မလုပ်ပါနဲ့.. အမစာတွေက ဖတ်လို့ကောင်းတယ် အမရ.. :)
အမှန်တော့ ဘလော့ခ်ပေါ်ရောက်လာတာ စာရေးချင်တဲ့ ၀ါသနာ သက်သက်နဲ့ ရောက်လာကြတာပါ။ တကယ်တမ်းလေ အပြင်မှာ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စ ... စတဲ့ ကိစ္စများမြောင်တွေက လာတန်းဆီတော့ ဘလောခ့်ရေးတာကို နောက်ဆုံးပို့ထားလိုက်ရတယ် အမရေ.. အားမှ အခြေအနေပေးမှပေါ့.. အလုပ်တွေပါးရင်တော့ ပြန်လာခဲ့နော်... :)

A Linn Nyi said...

နုနုရေ..အမ အသစ်တစ်ပုဒ်ရေးခဲ့ပြီ။ အမကို အမြဲ လာလာအားပေးတာ ကျေးဇူး :-)

Post a Comment