Wednesday, October 29, 2008

နားမကောင်းသူများ

လိမ်ကောက်နေတဲ့ သစ်ပင်ခြောက်တွေလေ
ပင်ခြေတွေမှာ...ရွက်ကြွေတွေဝေလို့
နေရောင်အလင်းက
လူမမာတစ်ယောက်လို ဖျော့တော့
ညဉ်းညူနေတဲ့...လေညှင်းသံမှာ
နာကျင်ခြင်းတွေ...
ခါးသီးမှုတွေ...
မျှော်လင့်ချက်တွေနဲ့
ပိတ်ထားတဲ့...တံခါးတွေကို
နောက်ဆုံးထွက်သက်တိုင်..
ခေါက်နေကြတာများ
ကြားတတ်မယ်ဆိုရင်...။

ဒီဇင်ဘာ ၁၈ရက် ၂၀၀၁ခုနှစ်။
နေ့လည် ၁နာရီ ၄၃မိနစ်။


မနေ့က ကျွန်မရဲ့ကဗျာတွေကို သူ့ရဲ့website မှာ ပထမဆုံး တင်ပေးခဲ့တဲ့ သူငယ်ချင်းလေးဆီက သူ ခုထိသိမ်းထားတဲ့ အဲဒီကဗျာတွေ ကျွန်မ မတောင်းခဲ့ပေမယ့် Email နဲ့ zip လုပ်ပြီး ပို့လိုက်တယ်။ ကျွန်မမှာ အဲဒီ ကဗျာတွေ copy သိမ်းထားတာတောင် မရှိတော့ပါဘူး။ ရန်ကုန်က computer harddisk ကြွသွားတာနဲ့ မရှိတော့တာ။ ကဗျာနောက်ခံ ဒီဇိုင်းလေးတွေကို သူ့စိတ်ကူးနဲ့ သူ အမြဲ လှအောင်ဆင်ပေးတဲ့ သူမကို ခုထိ ကျေးဇူးတင်နေဆဲပါ။ ဒါနဲ့ပဲ ဝမ်းသာအားရ တစ်ပုဒ်တင်လိုက်တယ်။




2 comments:

Anonymous said...

ညီမရေ
လိမ်ကောက်နေတဲ့ သစ်ပင်ခြောက်တွေကို သနားသွားပါတယ်။

A Linn Nyi said...

အမ...နေကောင်းသွားပြီလား။ အမလာလည်တာ ဆုရလိုက်သလိုပဲ..ပျော်လိုက်တာ :))

Post a Comment