Sunday, September 21, 2008

စက်ရုပ်

သူ အိမ်ကနေ အလုပ်လုပ်နေသည်မှာ ၃လကျော်သွားပြီဖြစ်သည်။သို့သော် ပြဿနာမရှိ။ သူ့လုပ်ဖော်ကိုင်ဖက်များကား သူ့လို ရံဖန်ရံခါမျှပင် ရုံးလာနိုင်သူများ မဟုတ်။ ရုံးတည်ရှိရာ state အတွင်းမှာတောင် နေသူများ မဟုတ်ကြ။ အပေါင်းအသင်း အလွန်မင်သော သူ့အတွက် ပျော်ရွှင်စရာ လုပ်ငန်းခွင် environment တစ်ခု၊ နွေးထွေးသော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတို့ကို တောင် ပိုင်ဆိုင်နိုင်ခွင့် မရတော့တာ ကံကြမ္မာရဲ့ အတိုင်းအဆမဲ့ ရက်စက်မှုလို့သာ ဆိုချင်သည်။

သူတို့ တွေ့ကြတာ တပတ်တခါ virtual room နှင့် conference call ပေါ်မှာ ၊ Quarterly Event အဖြစ် သုံးလတခါကျင်းပသော International visual conference call ပေါ်မှာသာ ၊ တနှစ်တခါ company ကလုပ်ပေးသော လူချင်းတွေ့ဆုံရသော Christmas ပွဲမှာ ဖြစ်သည်။ ဒါ E ခေတ်ကြီးမှာ အလုပ်လုပ်နေကြသော နိုင်ငံခြားထုံးစံပင်။ အဓိကက ပေးထားသော အလုပ်များကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးလျှင် Remote Access ပေးထားသော Server ပေါ် လှမ်းတင်လိုက်ရုံသာ ဖြစ်သည်။ နာရီဝက်တခါ auto schedule ဆွဲထားသော auto complier များက compile လုပ်ပြီး ၁၂နာရီ တခါဆွဲထားသော testing prgram များက အလိုအလျှောက် ပြန် testing လုပ်မည်ဖြစ်သည်။ testing program မှာ အတော်ကို Intelligent ဖြစ်သည့်အတွက် output ထွက်လာသော test result များကိုစစ်ပြီး သက်ဆိုင်ရာ developer ဆီ Error Category အလိုက် system ကို သိသာထင်ရှားအောင် ထိခိုက်သော error မျိုးမဟုတ်ပါက အီးမေးလ်ပို့တန်ပို့၊ ဆက်သုံးလို့ မရအောင် အလွန်ဆိုးဝါးသော error ဖြစ်လျှင် "Your system is unstable. Please check your error queue" ဟု ကြောက်မက်ဖွယ် အသံဆိုးကြီးဖြင့် အလိုအလျှောက် developer များ ဖုန်းသို့ တောက်လျှောက် call နေမည်ဖြစ်သည်။ သူ့ server ကို
connect မလုပ်မချင်း ဆက်တိုက် call နေသော ထို Phone Call သည် မပိတ်ရ ဟု အလုပ်စာချုပ်ချုပ်စဉ်က ပါပြီးဖြစ်သည်။ သူ့အဖို့တော့ ငှက်ဆိုးထိုးသံကြီးသာ ဖြစ်သည်။ ၂နာရီအတွင်း server ကို log in မ၀င်ပါက testing program ကို ရေးဆွဲသော SQA Engineer ကိုယ်တိုင် သူ့ကို ဆက်သွယ်ဖို့ ကြိုးစားမည်ဖြစ်မည်။

သြော်...ပိုက်ဆံ..ပိုက်ဆံ...
ငွေနောက်လိုက်မိလို့လား...တိုးတက်ချင်လို့လား... သူတကာထက် သာချင်သည့် အတ္တကြောင့်လား။ ဘယ်ဟာမှန်းတော့ မသိ။

အိမ်နှင့် အဝေးမှာ၊ သူငယ်ချင်းဆိုလို့ အနီးအနားမှာ လက်ညှိုးထိုးစရာ မရှိသော ဒီနိုင်ငံမှာ အလုပ်လုပ်ခွင့် ရအောင် ငါ ဘာလို့ ကြိုးစားမိပါလိမ့် လို့ တခါတခါတွေးကြည့်မိသည်။ အမိမြန်မာနိုင်ငံနှင့် အလွန်ဝေးသော အရပ်မှာ၊ မိဘနှစ်ပါးကို ခေါ်ထားဖို့ ခက်ခဲသော ဒီလိုနေရာမှာ၊ အမေ အသဲအသန် ဖြစ်လို့မှ အသက်မှီအောင် ပြန်ဖို့ မလွယ်ကူသော ဒီနေရာသည် သူတယောက်တည်းအတွက်တော့ အလွန် ကောင်းမွန်ပြည့်စုံသော နေရာ ဖြစ်ချင်ဖြစ်ပေမည်။

ရုံးသွားတာလည်းမတွေ့၊ သူငယ်ချင်းဆိုလို့လည်း ဘယ်သူမှ လာတာမမြင်ရ၊ တစ်ယောက်တည်း ဈေးသွား၊ လေ့ကျင့်ခန်းလုပ်၊ ချက်ပြုတ်စားသောက်၊ ကွန်ပျူတာတလုံးဖြင့် အလုပ်ရှုတ်၊ စာအုပ်တွေဖြင့် အဖော်ပြု၍ အရယ်အပြုံးလည်း နည်းလှသော သူ့ကို သူငှားနေသော အိမ်ပိုင်ရှင် အမေရိကန်အမျိုးသမီးကြီးက အံသြထူးဆန်းသလို အ၀င်အထွက် မြင်တိုင်း ကြည့်တတ်သလို တခါတော့ ဗြောင်ပင် ဖွင့်မေးဖူးလေသည်။ သူမှာလည်း တခြား လျှို့ဝှက်စရာ ဘာမှ မရှိသောကြောင့် အမှန်အတိုင်းပင် ရှင်းပြပြောထားခဲ့လည်း တအံ့တသြ အကြည့်တို့ကား ဆုံမိတိုင်း ရတတ်စမြဲ။ ဒီနိုင်ငံထဲမှာ အတူတူရှိသော်လည်း state မတူသောကြောင့် ဖုန်းဖြင့်သာ ရံဖန်ရံခါ ဆက်သွယ်ရသော သူငယ်ချင်း လင်မယားစုံတွဲတို့ကား သူတို့ဘာသာ လည်ပတ် ပျော်ရွှင်လျက် activity အပြည့်ဖြင့် မအားလပ်သလို ရှိသည်။ သောင်ပြင်မှာ လွှတ်သော ရွှေဟင်္သာလေးလို သူကား တစ်ကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့ဟု ကိုယ့်ဘာသာ အားတင်းရင်း တစ်ယောက်တည်းနေ့ရက်များစွာကို ကျော်ဖြတ်ဆဲ ဖြစ်သည်။

သူ့ကို အားကိုးသော သူ့မိသားစုအတွက် သူ ရှင်သန်ရဆဲဖြစ်သည်။ ဒီဘက်နှစ်ပိုင်းတွင် ကျန်းမာရေး ချို့ယွင်းချင်လာသော မိဘတို့ကို အနီးကပ် ပြုစုသော သူ့မောင်နှမတို့ကား ရိုးအလွန်းသောကြောင့် သူ့မိဘတို့ medication အတွက် ၊ ရောဂါ အတွက် လိုအပ်သမျှကို သူ့ဘာသာသူ အင်တာနက်မှာ ရှာဖတ်၊ လေ့လာ၍ သင့်မသင့် ရောဂါ အတက်အဆုတ် ကို ခန့်မှန်းရ၊ ပူပန်ရ၊ သက်ပြင်းချရသည်။ အိမ်အတွက် လိုအပ်သော ငွေကြေးတို့ကို ပို့နိုင်တာ တစ်ခုပဲ သူစိတ်ချမ်းသာရသည်။ ဒါဆိုလည်း ပြန်ပါတော့လား၊ တခြား မြန်မာနိုင်ငံနှင့်နီးသော တိုင်းပြည်ကို ပြောင်းပါလားဆိုတော့ သူတကာ ဒီလို အခြေအနေရအောင် မက်မောလောက်သည့် နေရာတစ်ခုက ခွာဖို့ ခွန်အားမရှိသေးပြန်။ နောက်ဆုံးတော့ တစ်ခုခုလိုချင်ရင် တစ်ခုခုပေးဆပ်ရစမြဲဆိုသော လောကနိယာမအရ သူမက်မောသော၊ သူတကာလာချင်သော U.S.A ဆိုသော တိုင်းပြည်တွင် သူ...စက်ရုပ်တရုပ်လို ရှင်သန်နေဆဲ...။

3 comments:

nu-san said...

မရေ.. ဒီပို့စ်လေးရေးထားတာ တကယ်ထိတယ်.. တကယ်တမ်းဆိုရင် ပစ်ရမှာလည်း သဲတရှပ်ရှပ် စားရတာလည်း အဆီတ၀င်းဝင်းဆိုတာ အခုလို အခြေအနေမျိုးကို ပြောတာပဲဖြစ်မယ်.. လောကမှာ ဘယ်အရာမှ မပြည်စုံနိုင်ဘူးဆိုတာ အမှန်တရားပဲ အမရေ.. တခုလိုချင် တခုပေးဆပ်ရမှာပေါ့.. ဒီမှာနေရတဲ့ life ကလည်း တကယ်ကို စက်ရုပ်တရုပ်လိုပါပဲ.. ဒါပေမယ့် ဘေးနားမှာ နောက်ထပ်စက်ရုပ်ကြီးတစ်ရုပ်နဲ့အတူပေါ့.. :P

Anonymous said...

hey...,

I didn't know you have a blog until now. Glad you are still using your pen name. I sometime heard news about you from Ma KM.

Love,
PL

A Linn Nyi said...

Nu Nu yay..
YG အိမ်ကို အင်တာနက်ချိတ်ပေးလိုက်ရင်တော့ အမြဲအဆက်အသွယ်ရမှာနုရ..။ အိမ်ပြန်ရင် အဲဒီကိစ္စလုပ်ကြည့်မလားလို့..။ အမပို့စ်တွေကို အမြဲအားပေးတတ်တဲ့ နုနုကို ကျေးဇူး :)

PL,
Yeah.I shared my blog to 3 friends only so far.This pen name is delivered from your web site first time in 2001. Now flowing again:)
Love,
ALN

Post a Comment